Friday, February 3, 2012

အဖြူရောင်လေး

ချစ်သူ..........
ပွင့်အံလာတဲ့ အမှန်တရားတွေကြားမှာ
ငါဟာ အကြိမ်ကြိမ်မှားခဲ့သူပေါ့....
ကျေနပ်ပါတယ်
စေတနာအမှားတွေရဲ့"ဒဏ်"ကို
ငါ..ကျေကျေနပ်နပ်ခံပါမယ်...
ရိုးသားတယ်ဆိုတာထက်
အစကတည်းက ဖြူစင်ခဲ့တာမို့
အရာင်ဆိုးခဲ့မိရင်တောင်
အဖြူကလွဲလို့ဘာမှ မယူလာခဲ့မိပါဘူး...
အဖြူဆိုတာကလည်း
ဘယ်နှစ်ကြိမ်ဆိုးဆိုး
ဒီထက်အရောင်မလက်တာမို့
မှိန်မှိန်လေးနဲ့ပဲ နေပါရစေ....။ ။

No comments:

Post a Comment