ရန်ကုန်တိုင်းဒေသကြီး၊
ရွှေပေါက်ကံမြို့သစ် (၁၆) ရပ်ကွက်၊ ဦးပုညလမ်းရှိ ပါရဂူရှန်တိနိကေတန်
စာကြည့်တိုက် ပြန်လည် ဖွင့်လှစ်ခြင်းနှင့် စာရေး ဆရာကြီးပါရဂူ နောက်ဆုံး
နေထိုင်ခဲ့ရာ နေအိမ်ကို ပြတိုက်အဖြစ် ဖွင့်လှစ်ခြင်း အစီအစဉ်အား (၂ဝ၁၁)
မေလ(၂၆)ရက် နေ့လည်ပိုင်းက ကျင်းပခဲ့သည်။ ဆရာကြီးပါရဂူ ပြတိုက်အဖြစ်
ဖွင့်လှစ်ရာတွင် ဆရာတော်ဒေါက်တာ အရှင်ဓမ္မသာမိ(လန်ဒန်) မြန်မာနိုင်ငံ
စာကြည့်တိုက် ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးညွန့်ဆွေ (ဆရာမောင်ဆွေသက်)နှင့် ပါရဂူရှန် တိနိကေတန် စာကြည့်တိုက် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီ နာယက စာရေးဆရာကြီး ဦးဌေးမောင်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ဆရာကြီးပါရဂူနေအိမ်ကို ပြတိုက်အဖြစ် စနေ၊ တနင်္ဂနွေနေ့ များတွင် ရုံးချိန်အတွင်း ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရှိရပြီး ပါရဂူရှန်တိနိကေတန် စာကြည့်တိုက်ကိုလည်း စနေ၊ တနင်္ဂနွေနေ့များတွင် ရုံးချိန်အတွင်း ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရှိရသည်။ ပါရဂူရှန်တိနိကေတန် စာကြည့်တိုက် ရေရှည် တည်တံ့ခိုင်မြဲရေး အတွက် အလှူငွေများ ပေးအပ်ကြရာ ဆရာတော် ဒေါက်တာအရှင် ဓမ္မသာမိ (လန်ဒန်)မှ ကျပ်နှစ်သိန်း၊ ဦးရဲမြင့်၊ ဒေါ်နန်းအိအိဇာ (နန်းဒေဝီစာပေ)မှ ကျပ်တစ်သိန်း၊ ဒေါ်နန်းကလျာဝင်း (ပေါ်ပြူလာဂျာနယ်)မှ ငွေကျပ်တစ်သိန်း၊ ဦးစိုင်းစံအိုက်မှ ငွေကျပ်တစ်သိန်း၊ ဒေါက်တာဒေါ်ခင်ရီ (ရှိုင်းဟုတ်)မှ ငွေကျပ်တစ်သိန်း ငါးသောင်းလှူဒါန်းခဲ့ရာ တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။ ပါရဂူရှန်တိနိကေတန် စာကြည့်တိုက်ရှိ စာအုပ်စာရင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးမှာ စာရင်းပြုစုရာ စာအုပ်ပေါင်း နှစ်သောင်း နှစ်ထောင်ကျော်ရှိကြောင်း သိရှိရသည်။
No comments:
Post a Comment