ပိုင်ဆိုင်လိုမှုတစ်ခုအတွက်နဲ့
မင်းရဲ့နှလုံးသားစစ်မြေပြင်တစ်ခုမှာ
ငါ....စစ်သူကြီးလုပ်ခဲ့တယ်...............။
တိုက်ပွဲအတွက် ရဲရင့်ခဲ့ပေမယ့်
မင်းရဲ့သြဇာ
အသက်မဲ့ command တွေကြားမှာ
အားနွဲ့သူတစ်ယောက်လိုပဲ
ငါလေ...ရိုကျိုးစွာနာခံတတ်ခဲ့တယ်..........။
တကယ်ပါပဲ
နှလုံးသားရဲ့မသိစိတ်တစ်ချို့ကလည်း
မင်းဘက်မှာ ရပ်တည်လို့ (ပြီးတော့)
ဖမ်းစားတတ်တဲ့
မင်းရဲ့အလှတရားတွေနဲ့
ငါ မလွန်ဆန်နိုင်ဘူးလေ.........။
အလှဘုရားမလေး
(ကျေးဇူးပြုပြီး)
ငါ တောင်းဆိုပါရစေ
တကယ်တမ်းနင့် စစ်ပွဲထဲမှာပေါ့
တိုက်ရင်းနဲ့ (ငါလေ)
ရှုံးနိမ့်ခဲ့ရင်တောင်
ရင်ဆိုင်နင့်အတွက် အသေခံရင်း
နောက်ဆုံး နင့်ရဲ့ဆုတ်ခွာ အမိန့်ကို
ငါမကြားပါရစေနဲ့လား..........။
တစ်ဆင့် ကူးယူ ဖော်ပြခြင်း ဖြစ်သည်....
No comments:
Post a Comment