Friday, February 3, 2012

3D Art & Character Animation သင်တန်းဖွင့်လှစ်မည်



နိုင်ငံတကာတွင် အထူးရေပန်းစားလျက်ရှိသော 3D Arts Design နှင့် 3D character ဇာတ်ကောင်ဖန်တီးရေးဆွဲခြင်းနှင့် သက်ဝင်လှုပ်ရှားမှုအသွင်မျိုးစုံဖန်တီးခြင်းများကို အခြေခံမှစပြီး အဆင့်မြင့်အထိ နည်းစနစ်ကျကျ ရေးဆွဲဖန်တီးလိုသော Animators များ၊ Designers များ၊ Multimedia နှင့် Advertising လုပ်ငန်းများတွင် အရေးပါသော 3D Arts & Character Animation သင်တန်းကို ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ (၂၃) ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် 3Ds Max 2010 ဖြင့် 3D Animation တွင်လိုအပ်သော 2D Character ဇာတ်ကောင်များအား 3D Model များဖန်တီးရေးဆွဲခြင်း၊ အပြင်ပကတိပုံစံအတိုင်းဖြစ်ရန်အတွက် Material  ချိတ်ခြင်း၊ Camera ချိန်ခြင်း၊ နောက်ခံဒီဇိုင်း၊ နောက်ခံဗီဒီယို၊ နောက်ခံအသံများ ထည့်သွင်းဖန်တီးခြင်း၊ 3D ဇာတ်ကောင်ကို အ၀တ်ဝတ်ပေးရန်အတွက် အ၀တ်အစားမျိုးစုံဖန်တီးခြင်း၊ ဆံပင်ပုံစံမျိုးစုံဖန်တီးခြင်း၊ 3D ဇာတ်ကောင်ကို (လမ်းလျှောက်ခြင်း၊ ပြေးလွှာခြင်း၊ တိုက်ခိုက်ခြင်း)၊ Landscaping Design နှင့် 3D တောအုပ်ပုံစံများ ဖန်တီးခြင်း၊ Particle System, Special Effects များဖန်တီးခြင်း၊ နောက်ဆုံး Video File နှင့် Design ထုတ်နိုင်သည်အထိ Tutorial များစွာဖြင့် 3D Arts Design ကို ကိုယ်တိုင်ဖန်တီးတတ်စေရန်၊ 3D Animation ကို အလွယ်တကူပြုလုပ်နိုင်စေရန် အခြေခံမှစပြီး အဆင့်မြင့် Animation ပြုလုပ်နိုင်သည်အထိ စနစ်တကျသင်ကြားရမည်ဖြစ်သည်။ သင်တန်းကာလမှာ (၃)လ ကြာမြင့်မည်ဖြစ်ပြီး တီဗွီနှင့် ရုပ်သံမီဒီယာများတွင် 3D Animation ဖန်တီးပြုလုပ်လိုသူများ တက်ရောက်သင့်ကြောင်း သိရပါသည်။ သင်တန်းကို စိတ်ပါဝင်စားသူများနှင့် သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်ထပ်မံသိရှိလိုပါက PROMOTION COMPUTER TRAINING CENTRE ဖုန်း- ၃၈၉ ၀၃၈၊ ၀၉-၇၃၁၈ ၄၅၂၅ တွင် ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။

No comments:

Post a Comment