Friday, February 3, 2012

တယ်လီဖုန်းများအား လိုအပ်ချက်အရ နံပါတ်ပြောင်းလျှောက်ထားနိုင်

တယ်လီဖုန်းများအား လိုအပ်ချက်အရ နံပါတ်ပြောင်းလဲလျှောက်ထားနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှသိရသည်။ အရေးကြီးပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ အသုံးပြုသည့် တယ်လီဖုန်းများအား လိုအပ်ချက်အရ နံပါတ်ပြောင်းလျှောက်ထားရာတွင် သီးခြားခွင့်ပြုချက်အရ ပြောင်းလဲပေးကြောင်း သိရသည်။
ခွင့်ပြုချက်ရပါက ဖိုင်စီစစ်ခြင်း၊ အကြောင်းကြားခြင်းတို့အား နှစ်ရက်တွင်းဆောင်ရွက်ပြီး ငှားရမ်းသုံးစွဲသူမှငွေသွင်းသည့်နေ့တွင် DN/AN ထုတ်ဆင်ပြီး တပ်ဆင်ပေးလျှက်ရှိကြောင်းသိရသည်။ အဆိုပါဆောင်ရွက်ခြင်းကို နီးစပ်ရာမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ သက်ဆိုင်ရာဌာနများတွင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ၎င်းအပြင် နှစ်လွန်ဒီဂျစ်တယ်နံပါတ်များအား NGN (Soft Switch) နံပါတ်ဖြင့်ပြောင်းလဲခြင်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။ တယ်လီဖုန်း ငှားရမ်းသုံးစွဲသူကိုယ်တိုင်ဖြစ်စေ၊ အထူးကိုယ်စားလှယ်လွဲအပ်ခံရသူဖြစ်စေ၊ လက်ရှိတယ်လီဖုန်းသုံးစွဲသူမှဖြစ်စေ၊ နှစ်လွန်ဒီဂျစ်တယ်နံပါတ်များအား ၎င်းတို့၏ဆန္ဒအရ NGN (Soft Switch) နံပါတ်များဖြင့် ပြောင်းလဲပေးရန် လျှောက်ထားလာပါက ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လျှောက်လွှာလက်ခံရရှိသူနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ငွေစားရင်းဌာနတွင် ကြွေးကျန်စီစစ်စေပြီး၊ ကြွေးကျန်ကင်းရှင်းကြောင်းစာရရှိပါက ဆောင်ရွက်ပေးကြောင်းသိရသည်။

ရေးသားသူ - ထွန်းထွန်း

No comments:

Post a Comment