အခုတလော ကြားနေရတဲ့ နားခါးသလိုလို စကားက စစ်ခွေး
ငါရင်နာတယ်သူငယ်ချင်း..ငါတို့ ရည်ရွယ်ချက်တခုနဲ့
စစ်ထဲဝင်လာတယ်..ငါတို့ လက်တွေ သွေးတွေစွန်းခဲ့တယ်..ဗိုလ်လောင်းတုန်းက ငါတို့
ကဗျာစာအုပ်တွေစုပြီးလုပ်ခဲ့ကြတုန်းက တယောက်
ရေးခဲ့တဲ့ ကဗျာအပိုင်းအစလေးလိုပဲ ငါတို့လက်တွေသွေးတွေစွန်းနေတာ
ချိုးဖြူငှက်တွေကိုလေထဲလွတ်ပေးနိုင်ဖို့ ပဲ ဆိုတာကို ငါအရမ်းသဘောကျခဲ့တယ်..။
အရင်တုန်းကတော့ ပြောကြပါစေဆိုပြီး ငါမပြောပဲနေလာတာ..။အခုတော့မပြောပဲမနေနိုင်ဘူး..။
သူငယ်ချင်း ငါတို့ရဲ့ငယ်သူငယ်ချင်း
ကျော်အောင်(အမည်ပြောင်းထားသည်)ကို သိတယ်မလား..။ငါတို့  OTT တောင်
အတူတူဖြေခဲ့ကြတယ်လေ..မင်းရယ်ငါရယ်ကျော်အောင်ရယ်ပေါ့ကွာ..။မင်းရယ်ငါရယ်ပဲရွေးခံရင်္ပြီးသူ
အရွေးမခံရဘူးလေ..။ငါ လွန်ခဲံတဲ့လက တာဝန်တခုသွားရင်း လမ်းကြုံလို့
အိမ်ခနဝင်တယ်..။သူငယ်ချင်းတွေလိုက်နူတ်ဆတ်တဲံအခါ ကျော်အောင်နဲ့ တွေ့တယ်..။ငါ့ကို
ခေါ်တယ်ကွာ..။ ဟေ့ကောင် စစ်ခွေး --ပါဏာတိပါတာ ဘယ်လောက်စုမိလဲ..တဲ့.။ငါရင်နင့်ခဲံတယ်
သူငယ်ချင်း.။င်္ဒီကောင် ငါ့အပေါ်ကြည့်တဲံအကြည့်တွေ ဟာ စိမ်းတယ်.လေသံတွေအေးတယ်ကွာ.။
ငါအကြောင်းအရင်းကို သေသေချာချာတွေးမိတယ်..။ငါတို့ မြို့မှာ
အင်တာနက်ဆိုင် ၅ ဆိုင်လောက်ရှိတယ်..မင်းစဉ်းစားလို့ရနေပြီမလား..။ဒီကောင်
အင်တာနက်သုံးတတ်တယ်ကွာ
အေး-ငါလည်း အဲလိုတွေးမိတယ်။။ဒီကောင် အင်တာနက်တွေ
သုံးတဲ့အချိန်မှာ ပဲ ဒီစကားလုံးကိုသင်ယူတတ်မြောက်ခဲ့တယ် လို့ ငါယူဆတယ်.။
မင်းလည်းသိပါတယ်..ငါတို့ကို စစ်ခွေးလို့ ခေါ်တဲံအသုံးဆိုတာ
ဘယ်ကနေပေါ်လာခဲံ့လဲဆိုတာ .။
ဗဗာပြည်ကွန်မြုနစ်ပါတီတွေ စသုံးခဲ့တယ်ဆိုတာ
ငါတို့ဦးလေးတွေပြောလို့သိခဲ့ရတယ်..။အခုဘယ်လိုလုပ် အဲစကားက
လူတွေပါးစပ်ဖျားပေါ်ရောက်လာရတာလဲ..။အင်တာနက်က နေ ပြန့်တာပဲ သူငယ်ချင်း..။ပြည်ပြေးတွေ
အတိုက်အခံတွေ သတင်းဌာနတွေ ကနေ သုံးလာတာပဲကွာ..။သူတို့ တွေလုပ်ရပ်တွေက
မကောင်းဘူးကွာ ။
ကွန်မြူနစ်ပြည်ပြေးတွေရဲ့ ဝါဒမှိုင်းကို
ရိုက်သွင်းခံရတာကွာ.ဥပမာ BBC မှာလုပ်နေတာတွေက
ကွန်မြုနစ်ဟောင်းတွေများနေတယ်မလား..ဒီလိုပေါ့သူငယ်ချင်းရာ..။
MEG ဆိုဒ်မှာပြောသလိုပေါ့။ နိုင်ငံမှာ
ဘာမှထိထိရောက်ရောက်မလုပ်နိုင်တဲ့ ဘေးထိုင်ဘုပြော အလကား လေပစ်နေတဲံ အတိုက်အခံတွေက
အရင်အစိုးရကို မနိုင်နိုင်တဲံအချိန်မှာ နှတ်ခမ်းမွေးမြင်တိုင်း သူ့ အဖေ ထင်တတ်တဲ့
သူတို့ မွေးရာပါ ဝတီအတိုင်း ဘာမဆိုင်ညာမဆိုင် ရုရှားမှာရောက်နေတဲ့
အရာရှိငယ်တွေဘက်မြှားဦးလှည့်တော့တာပဲကွာ..။ငါတို့ ရုရှားမှာ မာစတာတတ်တုန်းက
အဲဒီဒါဏ်တွေခံရတာပဲကွာ.ငါတို့က ပြန်ထောက်ပြရင် အုံနဲ့ကျင်းနဲ့ ၀ိုင်းဆဲတာမင်းလည်းအသိ.တခါတခါ
ဖေ့ဘုတ်မှာတောင် ရီပို့ဒ် ၀ိုင်းလုပ်ကြသကိုးကွ..အခုတော့ မြန်မာနိုင်ငံကလူတွေလည်း
သူတို့ဘာဆိုတာသိသလောက်တော့ရှိနေပါပြီ.ဒါပေမဲ့ ငါလေ့လာကြည့်သလောက်
အဲလိုလေသံဖမ်းပြောနေတဲ့လူ ၂မျိုးရှိတယ်ကွာ.ပထမက
အဲလိုပြည်ပြေးအတိုက်အခံတွေ.နောက်တမျိုးက ရပ်ကွက်ထဲက အသက်၂၀ နီးပါး လူငယ်တွေ
မိဘလုပ်စာလက်ဖြန့်တောင်း ပြီး ချက်တင်ဝင်နေတဲ့လူတွေပေါ့ကွာ.သူတို့မှာသိတာ
အင်တာနက်ပေါ်က
အဲဒီအတိုက်အခံတွေရဲ့ ပြောတာတွေကို အမှန်လို့ထင်နေတာချည်းပဲ..။သူတို့အင်တာနက်ကို
ဘယ်လိုသုံးနေလဲ.အင်တာနက်မကောင်းတာကထားတော့ကွာ.အနည်းဆုံးတော့ Wikipedia မှာတောင်
ကိုမသိတဲ့ ဟာကိုရွာဖူးလားမသိဘူး..Google Search မွာဗမာလို ‘လ’ နဲ့ ‘ေ’နဲ့’စ’ကို
အင်တာနက်ဆိုင်တွေမှာ ရှာကြည့်.ဘာထွက်လာလဲလို့ .။တကယ်တော့ အဲလိုလုပ်တဲ့လူတွေရဲ့အဆင့်အတန်းက
ဘာဆိုတာ ပြောစရာမလိုအောင်သိပါတယ်.နိုင်ငံရေးယောင်ယောင်တွေကလည်း အင်တာနက်ကို
လူမသိသူမသိ သွေးထိုးလာနိုင်တဲ့အချိန်ဆိုတော့လည်း လူငယ်တွေယောင်ကုန်တာ မဆန်းပါဘူး...သူတို့ကသာနိုင်ငံကိုတကယ်ချစ်တာလုပ်တာကိုးကွ.
ဒါပေမဲ့ ခေတ်ချင်းကွာပြိလေ.ငါတို့လို
တာဝန်ကြီးထမ်းနေတဲ့လူငယ်တွေ နဲ့စာရင်တောင် သူတို့အသိညာဏ်တွေက သူတို့ပြည်ပြေးတုန်းက
အရွယ်တုန်းက အသိထက်တောင်မြင့်နေသေးတယ်.သူတို့အသက်တွေသာကြီးလာတယ်.အသိဥာဏ်က တန်
့နေတယ်လေ.။စကားချင်းယှဉ် လုပ်ရပ်ချင်းယှဉ်တဲံအခါ မနိုင်တော့ ကလေးလေးတွေရန်ဖြစ်သလို
စကားနာတွေထိုးတော့တာပဲ.။
မနာ နာအောင်ပေါ့။
။မြန်မာနိုင်ငံမှာ နာမည်ကြီးချင်လား
အစိုးရမကောင်းကြောင်း ပြော-ဒါမှမဟုတ်
အောက်ပိုင်းဟာသနဲ့သရုပ်ဆောင် လူရွင်တော်လုပ်.နာမည်ကြီးတယ်..။မဟုတ်ဘူးလား
သူငယ်ချင်း
အခုလည်းအစိုးရသစ်ကိုကူညီဖို့နေနေသာသာ.ဟာကွက်တွေ့ရင်ထောက်ပြမယ်.ဆဲမယ်.ဝေဖန်မယ်ဆိုတာာကြီးပဲ.ကောင်းတာတိုးတက်တာများလုပ်မိရင်
မပြောဘူး.ဘာလို့လည်းပြောရင် လုပ်သင့်တာပဲလေ.တဲ့.ပြောတော့မှန်သလိုလိုနဲ့.အဲလိုကောင်တွေသွားကြည့်.တစ်ယောက်မှ
တန်ဖို့းရှိတဲ့လူတွေမဟုတ်ဘူး..အမှန်ဆို လူုထုစိန်ဝင်းလို
လူစားတွေရှိသင့်တယ်..ဆိုးရင်လည်း ပက်ပက်စက်စက်ပြောတယ်.ဝေဖန်တယ်..ကောင်းရင်လည်း
အားပါတရထောက်ခံတယ်..း
ဒါပဲပေါ့..ကောင်းတာလုပ်တဲ့လူကို ချီူးကျူးရင်
ဆက်လုပ်ချင်စိတ်တွေရှိလာမယ်လေ..ေxx-ာက်ပြစ်ပဲထိုင်ပြောနေရင် ဘယ်သူက
လုပ်ချင်တော့မှာလဲကွာ
လူတစ်ယောက်ကို ဆုပေးတယ်ဆိုတာ
သူကိုဒီတစ်ပွဲအတွက်ဂုဏ်ပြုတဲ့အပြင်နောက်နောင်လည်း ဒီစံချိန် ဒီအလုပ်မျိုး
ဆက်လုပ်နိုင်ဖို့တွန်းအားပေးတယ်ဆိုတဲ့ ရည်ရွယ်ချက်ကို လူတွေမသိကြဘူး.
ထားပါတော့.ငါတို့ ကိစ္စပြန်ပြောကြမယ်
အကိုကြီးတစ်ယောက်ပြောဖူးတဲံ စကားကို သူငယ်ချင်းမှတ်မိလား
။ပြည့်ဝတဲ့သူ အလုပ်လုပ်တဲ့လူဆိုတာ ကိုယ့်ကိုဘယ်လောက်ဝေဖန်ဝေဖန်
ဘယ်လောက်ခြေထိုးထိုး အဲဒီဒဏ်ကိုခံနိုင်တဲံသူ ဖြစ်ရမယ် တဲ့လေ။အထူးသဖြင့် ညီတို့ဟာ
စစ်သား.ပိုခံရမယ်.ငါ့ညီတို့ ဝေဖန်မှုဆိုတာ မင်းတို့မှမခံနိုင်ရင် ငါတို့ နိုင်ငံ
သွားပြီ.လို့ ပြောခဲ့တယ်လေ.။မပြီးခင်ဗမာမမြင်စေနဲံ ဆိုတာ ငါတို့နိုင်ငံရဲ့
တခုတည်းသော ဘယ်နိုင်ငံမှာမှ ပုံတူမျိုးကွဲမရှိတဲ့ စကားလေကွာ…။
ဒါပေမဲ့ကွာ ဗကပနဲံ့တိုက်တုန်းက စစ်သားကြီးတွေတောင် အဲစကားကို
ခံနိုင်ပြီး ပြုံးပြုံးလေး အနိုင်ယူခဲ့သေးတာပဲ.ငါတို့ က မခံနိုင်စရာ ဘာရှိလဲကွာ.။
စစ်ခွေးတဲ့…..
အေးပေါ့ကွာ..လူသားတစ်ယောက်အနေနဲ့  ကို့ ကို ခွေးတစ်ကောင်လို
ပြောတာတော့ ဘယ်သူမဆို သည်းခံနိုင်မယ်မထင်ဘူးပေါ့။ဒါပေမယ့် ငါတို့  အတတ်နိုင်ဆုံး
သည်းခံပြီး ပြုံးပေးခဲ့တယ် ။ ကိုယ့်အကြောင်းကိုပဲ နားလည်တာကိုးကွ။ပြောသူဟာ
ပြောတဲ့စကားရဲ့အသုံးပေါ်မူတည်ပြီး သူအဆင့်အတန်းကိုဖန်တီးတယ် ဆိုတာ ပညာတတ် မင်းတို
့ငါတို့ သိကြတယ်မလား။ငယ်ငယ်တုန်းကရန်ဖြစ်ရင် ငါတို့တွေ
စကားနိုင်လုပြောခဲ့ကြတဲ့စကားလေးကိုမှတ်မိနိုင်ကောင်းပါရဲ့…
ခွေးသားလို့ ပြောတော့ငါတို့ ဘာပြောလဲ
.အေးခွေးလိုတွေး ခွေးလိုကြည့်ရင်ခွေးလိုမြင်မှာပဲ လို့ပြန်ပြောခဲ့ကြတယ်မလား..အခုလည်းကလေးစကားနဲ့ငါပြောချင်တယ်ကွာ..လူလူချင်းကတော့
လူလိုတွေးလူလိုမြင်ရင် ဒီစကားပေါ်လာစရာမှမရှိတာကိုးကွ..
ငါတို့ကတော့ စစ်ခွေးလို့ ငါ့တို့ကို ပြောတဲ့လူတွေကို ကျေးဇူးတောင်တင်
သလိုလိုရှိသား.ငါတို့လည်း လူတွေလေကွာ..တခါတခါ အမှားတော့ရှိမှာပဲ.နောက်ပြိးငါတို
့လည်း လူငယ်ကွာ.။တာဝန်ကြီးတွေက
ပုခုံးပေါ်မှာငယ်ငယ်ရွယ်ရွယ်နဲ့ မလိုက်အောင် ထမ်းရတဲံအချိန်မှာ
လူငယ်စိတ်နဲံတခါတခါ မာန်တွေမာနတွေသုံးမိတဲ့အခါရှိမှာပဲ..အဲအခါကျရင် စစ်ခွေးလို့ 
အပြောခံရချိန်မှာ ငါတွေဝေခဲ့ဖူးတယ်.ခဏလေးပါ.ချက်ချင်းပဲ
အော်..ငါဟာ စစ်သား တစ်ယောက်ပါလားဆိုပြီးတော့..
စစ်သားတစ်ယောက်ရဲ့ တာဝန်.ခံယူချက်နဲ့  လမ်းမှန်ကို
ငါသွားနိုင်ခဲ့တယ်..ငါ အဲလိုအခေါ်ခံရချိန်တိုင်း
ရင်ကိုဖွင့် လည်ကိုမော့လို စစ်သားတစ်ယောက်လို
လမ်းလျှောက်ခဲ့ဖူးတယ်..နှိမ်ချတာလည်းမဟုတ်ဘူး
မသိလို့ပြောတဲ့ ညီတစ်ယောက်ကို အစ်ကိုတစ်ယောက်က
နားမလည်တဲ့အချိန်မှာ ဘာမှ မဖြေရှင်းပဲ ပြုံုးံ့ရုံတင်ပြုံးပြသလိုမျိုးပေါ့ သူငယ်ချင်းရာ…။
ပြောစမ်းပါစေ.ငါတို့ အလုပ်ကို
ငါတို့ပြီးဆုံးအောင်လုပ်တယ်လေ..အဲအတွက် ငါတို့ဘာရလဲ.ငါတို့အောင်ပွဲတွေမှာ
ဘာတွေရလဲ..အလောင်းတွေ ပြာတွေ
ယမ်းခိုးသင့်မြေကြီးတွေပဲရတယ်မလား..အဲဒါတွေရဲ့နောက်ကွယ်က ပြန်လည်ပြင်ဆင်တိုးတတ်မှု
ဆိုတာကို ပုံဖော်ပြီး ငါတို့ ပီတိတွေရခဲ့တယ်လေ.ဒီပီတိက ငါတို့ ဆုလာဒ်ပဲကွ..။
မင်း ကျိုင်းတုံက သစ်တပင်ကုန်းသိတယ်မလား..အရင်တုန်းက တိုက်ပွဲနယ်မြေကြီး.သောင်းဝေဦးစာအုပ်တွေထဲမှာဖတ်ကြည့်ရင်ကွင်းခနဲ့ကွက်ခနဲံပေါ်လာမယ်..အရင်တုန်းက
တိုက်ပွဲ အဓိကနယ်မြေကြီး..ဟော အခုတော့ ကျိုင်းတုံမြို့ လယ်ဖြစ်နေပြီ.အဲအချိန်က
ပါခဲံတဲ့ စစ်သားဟောင်းကြီးတွေ အဲဒီကို ရောက်ရင် မြင်ရင် မျက်ရည်ဝေပြီး
ပြုံးပျော်နေကြတာ ငါတို့ အသိ ငါတို့အမြင်ပဲမလား..။အဲအချိန်ကတည်းက စစ်ခွေးလို
့ခေါ်ခံရလို့ သွေးတွေကြွ မခံမရပ်နိုင်ဖြစ်ပြိး ဝုန်းခနဲ့ထတိုက်ရင် အားလုံး
သေကုန်မှာပေါ့..အဲလိုမဖြစ်ခဲံ့လို့  အခု လို
မြို့လယ်ကြီးဖြစ်ပြီးစည်ကားနေတာပေါ့ကွာ..ဒါငါတို့ သင်ခန်းစာ ယူရမယ်..
ငါတို့တွေ သည်းခံမှုကို အလုပ်နဲ့
သက်သေပြရမယ်..ခေါ်စမ်းပါစေကွာ..မသိတတ်လို့ မမြင်တတ်လို့  ရှင်းရှင်းနဲ့
ရိုးရိုးပြောရရင် နိုင်ငံသားမပီသလို့ လူလိုမတွေးလို့  ခွေးလိုတွေး
ခွေးအမြင်နဲ့ပြောနေတာကို ငါတို့လို လူပီပီသသ စစ်သားပီပီသသ ယောကျာင်္းကောင်းတွေက
မခံနိုင်ရင် ငါတို့  ခေါင်းပေါ်က နိုင်ငံတော် တံဆိပ်က ငါတို့ ကျိန်စာ တိုက်လိမ့်မယ်
သူငယ်ချင်းး..။
နောက်တခု..ငါလည်း
နိုင်ငံတချို့ သွားဖူးပါတယ်..ဂျာမာန်ဆိုကွာ
အဆိုးဆုံး SS တပ်ဖွဲ့ ကြီးကို တောင် စစ်ခွေးလို
့မခေါ်ဖူးဘူး..ကဲ..နောက်ငါပြောအုံးမယ်.ငါတို့ကို
သင်တဲ့(ဂျာမာန်လား/ရုရှလား/ယူကရိန်းကလား-ဝါးတားတားနဲ့ကွာနာမည်မေ့နေပြီ)ဆရာတစ်ယောက်လေ.စစ်အတွင်းက
ဗိုလ်ချုပ်ရာထူးနဲ့ဆရာလေ..မင်းတို့က
ဘယ်အဆင့်လဲဆိုတော့ ဗိုလ်၊ဗိုလ်ကြိး ဆိုတော့
ရီတယ်လေ.ငယ်ငယ်နဲ့ဘယ်လိုထမ်းဆောင်ပါ့မလဲပေါ့ကွာ..။နောက်မှ မင်းတို့အောက်မှာ
ဘယ်နှစ်ယောက်ရှိလဲ.ဘယ်လိုတပ်ဖွဲတွေကိုကွပ်ကဲရလဲ.တိုက်ပွဲအတွေ့အကြုံတွေ
ဘယ်လိုလည်းဆိုတော့ ငါတို့တွေရှင်းပြပြောပြမှ..မင်းတို
့တွေကိုလေးစားပါတယ်ဆိုပြီး
စာသင်ခန်းထဲမှာ အလေးပြူခဲ့တာ မှတ်မိသေးလား..။
စစ်ခွေးဆိုတာ ဘယ်လောက်အမိန့် နာခံလဲ..မိုင်းရှာတာတို
့ရန်သူနောက်လိုက်တာတို့ ကင်းထောက်တာတို့  စာပို့ခိုင်းတာတို့ 
ဘယ်လောက်အသုံးဝင်လဲ.ခွေးပေမဲ့သူဥာဏ်နဲ့သူလုပ်ဆောင်တတ်တယ်.အမိန်
့ကြားထဲမှာလေ..တခါတခါမိုင်းကိုအနံခံမိချိန် သူရဲ့စစ်သည်ကိုတောင်မစောင့်ပဲ
သူဘာသာနှုတ်သီးးနဲ့ထိုးဖေိာပြီး အသေခံတဲ့ခွေးတွေ.စခန်းတခုနဲ့တခုကြားမှာ စာပို့ရင်း
ခြေထောက်နှစ်ချောင်းပြတ်တာတောင်ရောက်အောင်ပို့တာတွေလို စစ်သားတစ်ယောက်လို
သူလုပ်ဆောင်ခဲ့တယ်.
အနောက်နိုင်ငံစစ်သင်တန်းတွေမှာ တုံးတိုက်တိုက်ကျားကိုက်ကိုက် စစ်သားကို သူတို့အချင်းချင်း စစ်ခွေးကြီးတို့ စစ်မြင်းကြီးတို့ဆိုပြီး NICKNAME ပေးတတ်ကြသေးတယ်လေ.
အမိန့်နာခံခြင်းဟာ စစ်သားတစ်ယောက်ရဲ့ကောင်းမြတ်ခြင်းပဲ..ငါတို့တွေ ဘာကိုမက်မောကြလဲ.စစ်မှုထမ်းကောင်းတံဆိပ်ကိုမက်မော ခဲ့ကြတယ်မလား.သူတို့ပြောသလို ငါတို့ဟာစက်ရုပ်တွေလို အမိန့်ပေးတိုင်းလုပ်နေကြတာမှမဟုတ်ဘူးဆိုတာ သူတို့မသိကြဘူး..။စဉ်းစားဥာဏ် နဲ့ပိုင်းခြားမှုလည်းရှိမှ စစ်သားပီသမှကိုးကွ..။အထက်အရာရှိကတစ်ခါတစ်လေ ဇောနဲ့ချီတတ်ခိုင်းပေမဲ့ကိုယ့်လက်အောင်စစ်သည်တွေပင်ပန်းနေရင် ငါတို့ တွေ မျက်နှာပူပူနဲ့ တည့်ပြောရလို့ အထက်အရာရှိလည်းနားလည် အောက်လည်းအဆင်ပြေတဲ့ ကိစ္စတွေရှိတာပဲ..။
အနောက်နိုင်ငံစစ်သင်တန်းတွေမှာ တုံးတိုက်တိုက်ကျားကိုက်ကိုက် စစ်သားကို သူတို့အချင်းချင်း စစ်ခွေးကြီးတို့ စစ်မြင်းကြီးတို့ဆိုပြီး NICKNAME ပေးတတ်ကြသေးတယ်လေ.
အမိန့်နာခံခြင်းဟာ စစ်သားတစ်ယောက်ရဲ့ကောင်းမြတ်ခြင်းပဲ..ငါတို့တွေ ဘာကိုမက်မောကြလဲ.စစ်မှုထမ်းကောင်းတံဆိပ်ကိုမက်မော ခဲ့ကြတယ်မလား.သူတို့ပြောသလို ငါတို့ဟာစက်ရုပ်တွေလို အမိန့်ပေးတိုင်းလုပ်နေကြတာမှမဟုတ်ဘူးဆိုတာ သူတို့မသိကြဘူး..။စဉ်းစားဥာဏ် နဲ့ပိုင်းခြားမှုလည်းရှိမှ စစ်သားပီသမှကိုးကွ..။အထက်အရာရှိကတစ်ခါတစ်လေ ဇောနဲ့ချီတတ်ခိုင်းပေမဲ့ကိုယ့်လက်အောင်စစ်သည်တွေပင်ပန်းနေရင် ငါတို့ တွေ မျက်နှာပူပူနဲ့ တည့်ပြောရလို့ အထက်အရာရှိလည်းနားလည် အောက်လည်းအဆင်ပြေတဲ့ ကိစ္စတွေရှိတာပဲ..။
တကယ်တော့ စစ်ခွေးလို့ မင်းတို့ ငါတို့ ကိုပြောတဲ့ လူတွေကို
ငါတုံပြန်ပြောရမယ်ဆိုရင်(ရန်ဖြစ်သလို
စကားနိုင်လုသလိုပြောရမယ်ဆိုရင်)အဲလိုပြောတဲ့လူတွေက စစ်ခွေးတစ်ကောင်လောက်တောင်
တန်ဖိုးမရှိ အသိမရှိတဲ့လူတွေပဲကွာ..အင်တာနက်မှာပြန့်နေတဲ့အခေါ်အဝေါ်ဆိုတော့
ပြောရအုံးမှာပေါ့.ရှာကြည့်စမ်းပါလို့ စစ်ခွေးတစ်ကောင်တန်ဖိုးနဲ့အသုံးဝင်မှုကို
အခုငါတို့ကို စစ်ခွေးလို့ဆဲဆိုနေတဲ့ လူတွေ မှီပါရဲ့လားလို့လေ.။
စစ်တပ်ဆိုတာ လူအမျိုးမျိုး စိတ်အထွေထွေလေကွာ.အုပ်ချူပ်ရတာ
ဘယ်လောက်ခက်လဲ.ဖောက်တဲ့လူလည်းရှီမှာပဲ.ဆွမ်းဆန်ထဲလည်းကြွက်ချီးပါမှာပဲ..ကြွက်ချီးကိုပဲမြင်ပြီးဒီဆန်ဗန်းကြီးမကောင်းဘူးလို
့ပြောနေတဲ့လူတွေရဲ့အသိဥာဏ်နဲ့သူတို့ တသက်တာ စားလာခဲ့တဲ့ အစားအစာတန်ဖို
းတွေ.ကမ္ဘာကြီးသူတို့ ကိုထမ်းလာတဲ့နှစ်တွေကို နှမြောမိတယ်..။
ပြောလိုက်စမ်းပါကွာ..
သူတို့ ငါတို့ကို စစ်ခွေးလို့ခေါ်တိုင်းမှာ ငါတို့ဟာ
စစ်သားတွေပါလား ဆိုတဲ့အသိနဲ့ ငါတို့မှန်မှန်ကန်ကန် အလုပ်တွေလုပ်ခဲ့ဖူးတယ်..။နောက်ထပ်အခေါ်မခံချင်လို့
အလုပ်နဲ့သက်သေပြတာလည်းပါတာပေါ့.။
အမိန့် ၊ ခံယူချက် ၊ တာဝန် တွေကို ငါတို့ ကောင်းကောင်းမွန်မွန်
ပီပီသသ လုပ်ပြမိတယ်..။
ရာဗင်ဒြာနတ်တဂိုး ရဲ့ကဗျာ ကိုတောင် ငါသတိရတယ်..။
အောင်မြင်မှုအတွက် သင့်ရဲ့ချီးကျူးထောပနာမူကို ခံယူလိုသောသူ မဖြစ်လို
ရှူံးနိမ့်ချိန်မှာ သင့်ရဲ့ လက်ဖဝါးကို နွေးထွေးစွာ ကိုင်ခွင့်ရလိုသူ သာ ဖြစ်ရပါလို၏.
ဆိုတာလေကွာ..
ငါတို့ အောင်မြင်မှုကို ဝမ်းပမ်းတသာ မကြိုဆိုရင်နေပါစေ…ငါတို
့တွေရဲ့ အားနည်းချိန်မှာအားပေးသူရှိရင်
တကယ်ပါ(လူငယ်အတွေးနဲ့ပြောတာပါ)ကမ္ဘာအပြင်ထွက်ပြီး ဟစ်တလာ လို
မိုက်ပြရပါစေ.မိုက်ရဲတယ်သူငယ်ချင်း..။
ငါတို့ကတော့
ငါ့တို့ကို စစ်ခွေးလို
့သူတို့သုံးနူံးပါစေ.ခေါ်ကြပါစေ..ငါ့တို့တာဝန်တွေကျေပွန်မှုကို
ငါတို့ကျေနပ်တယ်..။ငါတို့ အားငယ်မှုတွေချက်ချင်းပျောက်ပြီး
စစ်ရေးပြလျှောက်တဲ့စစ်သည်လို ငါတို့ကြွားကြွားဝံ့ဝံ့
လျှောက်ပြရဲတယ်.(သူတို့ တွေပြောသလို အခွင့်ထူးခံလူတန်းစာ
းမဟုတ်ရပါဘူး.သူတို့တွေပြောမှ
ငါတို့အဲစကားလုံးကြားဖူးတာပါကွာ)..။
စစ်သားဖြစ်မှတော့ကွာ..
ငါတို့ ဗိုလ်လောင်းသင်တန်ူးတုန်းက ဆရာတစ်ယောက်ပြောသလို ရှေ
့မှာလှံစွပ်.ခေါင်းမှာ ဗုံး.အောက်မှာမိုင်း.နောက်မှာ
အမြောက်ကျည်(ရန်သူဘက်ကပစ်လို့ငါတို့ဆုတ်သွားနိုင်မဲ့.စစ်ကူလာမဲ့လမ်းကိုပိတ်ပစ်တဲ့ကျည်)
တွေဝိုင်းနေချိန်မှာတောင် ငါတို့အေးအေးဆေးဆေး အမိန်
့ပေးကွပ်ကဲနိုင်ခဲ့သေးတာပဲ.လေနဲ့ပြောတာများကတော့ကွာ ပြောစမ်းပါစေ.အချိန်တန်ရင်
လျှာဆိုတာလည်းလူခန္ဒာအဖွဲအစည်းတစ်ခုပဲလေ.ငြောင်းသွာမှာပေါ့..။
ငါတို့ ဟာ လူသား ..စစ်သားး
။ ဒါကြောင့် လူလိုတွေး လူလိုသတ္တိရှိရှိ စစ်သားတစ်ယောက်ရဲ့ရဲရင့်မှု
ဒဏ်ခံနိုင်မှုနဲ့  ငါတို့ ရည်မှန်းချက်တွေ ငါတို့ ခံယူချက်နဲ့
ပြည်ချစ်စိတ်တွေနဲ့ပဲ ကာကွယ်နေချိန်မှာ
လူလိုမတွေး လူလိုမမြင်တဲ့လူတစ်စုရဲ့ စကားကြောင့် မင်းတို
့စိုးရိမ်ပူပန်နေမယ်.ခံစားနေမယ်ဆိုရင်
သူငယ်ချင်းရေ..မင်း မြန်မာနိုင်ငံကို ကာကွယ်မယ့်
မြန်မာ့စစ်သည်တော် မလုပ်ပါနဲ့..
လို့ ငါပြောပါရစေလားကွာ....။
ငါ့ကျောကို နင်း၍ အသင်တို့ ချဉ်းနင်းဝင်နိုင်မည်
တပ်မတော်မှ
အရာရှိငယ်တစ်ဦး၏ ပေးပို့ စာကို ပို့စ်တစ်ခုဖြစ်စေရန် ဆီလျှော်စွာ
ပြင်ဆင်ပြီး
တင်ပြပါသည်..........
တစ်ဆင့် ကူးယူ ဖော်ပြဖြင်းဖြစ်ပါသည်.....
No comments:
Post a Comment