Friday, February 3, 2012

ဝေးနေတုန်းပဲ ချစ်သူ..........!

မသေချာမှုတွေနဲ့

မရေရာခဲ့ပေမယ့်

ဖြေဆည်ကာ ချစ်မိတော့

ငါ့မှာ

အပြစ်ရှိသလား ချစ်သူ.......။


တကယ်တော့

ဖွင့်ဟရန်ခက်ခဲတဲ့

မြတ်နိုးခြင်းအတွက်

ငါ့ နှလုံးသားက

မင်းပြုစုထားတဲ့

ဒြပ်ဝတ္ထုတစ်ခုပါကွာ........။

အခြေအနေ မပေးလို့

ခဏတာဝေးနေကြပေမယ့်

တစ်နေ့မှ မေ့မရခဲ့ပါဘူး

မင်းစခဲ့တဲ့ ဒဏ်ရာက

အနာဆိုတာမကျန်ခဲ့ပေမယ့်

ရင်ထဲမှာတော့ ဟာတာတာနဲ့

ဘာဆိုဘာမှလည်း စိတ်မပါတော့ဘူးလေ..................။

ကံကြမ္မာ ၀ဲဂယက်ထဲမှာ

ဘ၀ကံဖန်လာသမျှ

ပြန်လည်ကာ တွေ့ကြရင်ပေါ့

မေ့မသွားဖို့ ငါလေရည်စူး

စိတ်ကူးတိုင်းမှာ ဆုချွေခဲ့လည်း

အခုနေအခါတော့

ဝေးနေကြတုန်းပေါ့ ချစ်သူရေ........။

................**************............................

No comments:

Post a Comment