ကြယ်စင်
ခံစားချက်တွေကို အသစ်မလုပ်ပါနဲ့ ဟာ
လိုချင်ရင်လည်းသိမ်းထား
မလိုချင်လည်း နင်ပစ်သွားလိုက်ပေါ့
ခပ်ခါးခါးကော်ဖီဆိုတာ လူတိုင်းမသောက်နိုင်လို့ ပါ ချစ်သူ.............။
အိပ်စက်ခြင်းတွေမှာ အဖော်မဲ့ 
လေနှင်ရာ ကို ရွက်လွှင့် ခဲ့ ဖူးတယ်
ချစ်သူလည်း မသိ
အရာရာအားလုံးဟာ နတ္ထိ
ငါ့ ရင်ခွင်မှာလည်း ဗလာအတိနဲ့ ပေါ့....။
သန်းကောင်ယံမှာ လမင်းသာနေရက်နဲ့ တောင်
ကြယ်စင်ကိုတောင်းတ
လွမ်းနေရတဲ့  ဘဝ
ဒါဟာဒုက္ခလို့ တောင် မငြီးငြူခဲ့ မိဘူး..........
ငါကိုယ်တိုင် ကြယ်စင်လေးကိုမှ မြတ်နိုးတွယ်တမိလို့ လေ.........။
ကြွေမယ်ဆိုလည်း ကြိုပြောပေါ့ဟာ
ခံနိုင်ရည်မရှိတဲ့  နှလုံးသားနဲ့ 
အသက်သွင်းရှူထုပ်
အလုပ်လုပ်နေရတာ ငါ သိပ်မောတာပဲ...........။(မင်းသန့် )
အိုအေစစ်ဘလော့မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်.........
No comments:
Post a Comment