Friday, February 3, 2012
စာနာ နားလည်ပေးစေချင်
မြန်မာနိုင်ငံ    ကို  အမြဲတမ်းစစ်မှု့ ထမ်း   နိုင်ငံ အဖြစ်  ပြု လုပ်ဖို့  ကျနော်တို့ လွတ်လပ်ရေးဖခင်ဗိုလ်ချူပ်ပြော
သွားခဲ့ ဖူးပါသည်။သို့ သော် မလို အပ်တာရော  အကြောင်းအမျိုးမျိုး ကြောင့်   ဒီနေ့ ဒီချိန်ထိ  မရှိဖြစ်ခဲ့ ပါ။မ
ကြာသေးမှီကစစ်မှု့ ထမ်းမဖြစ်မနေ  ပြထမ်းဖို့ သတင်းထွက်လာသည့် အခါ  မြန်မာလူငယ်အများစုကအ
ကြောက်အလန့်   ငြင်းပြီးကန့် ကွက်ကျပါသည်။အများစုနီးပါးမှာသတင်းထွက်ပေါ်လာပြီးနောက်ပိုင်းမစားနိုင်
မအိပ်နိုင်ဖြင့်    မဖြစ်ပါစေနဲ့ ဟု ဆုတောင်း   ကျလိမ်မည်မှာ  လက်ခက်မလွဲ ပင်ဖြစ်ပါသည်။
အဘယ်ကြောင့် ဆိုသော့်   စစ်မှု့ ထမ်းဘ၀က အမှန်တကယ်ကြမ်းတမ်းပါသည်။အမြဲထမ်းစစ်မှု့ ထမ်းမဟုတ်ပဲ
(၂)နှစ်တန်သည်ဖြစ်စေ၊(၃)နှစ်တန်သည်ဖြစ်စေထမ်းဆောင်ရမည်ကို ကြောက်၇ွံ့ ကျပါသည်။ဆိုရ
သော်တိုင်းပြည်ချစ်စိတ်နည်းပါးလို့ ဖြစ်သည်။စစ်မှု့ ထမ်းကာလတိုလေးအတွင်းတွင်ကိုယ်ပိုင်းစီးပွားရေးလုပ်
နိုင်ခြင်းမရှိပါ ။မိဘနဲ့ ဝေးမည်၊ချစ်သူနဲ့ ဝေးမည် ၊အနေဆင်းရဲမည်။အစားဆင်းရမည်။  ဒီဒုက္ခကြီးကိုမည်  သူ့ မှခံစားလိုခြင်းမရှိပါ။အမှန်တကယ်သာဒီဥပဒေဖြစ်မြောက်ခဲ့ လျင်ကြုံလာရမည့် ပြသနာများသည်အများ
ကြီးပင်။မွေးခါနီး   မိန်းမသား  တယောက်၏့  အိမ်သား  တယောက်သည်လည်း  ပါရင်  ပါသွားနိုင်သလို ၊မိဘ
သေပြီးခါစ   လူငယ်များလည်း ပါနိုင်သည်။သို့ တည်းမဟုတ်ချစ်သူနှင့် အသဲကွဲသည်ဟုဆိုသောအကြောင်းပြ
ချက်လည်း၇ှိနိုင်ပါသေးသည်။ဘာတွေဘယ်လိုဖြစ်ဖြစ်ဆန့် ကျင်ကန့် ကွက်သူများသည်အမှန်တရားအားဖြင်
့စစ်မှု့ ထမ်းရမှာကို  သေမလောက်ကြောက်နေသူများပဲ ဖြစ်ပါလိမ့် မည်။
က မ္ဘာပေါ်တွင်အမေရိကန်၏  စစ်စခန်း  မဆောက်တည်နိုင်သေးသော   နိုင်ငံအနည်းစုထဲတွင်   မြန်မာပါပါ
သည်။ထို့ အခြင်းအရာကလည်း   လူကြီးတွေ၏့ အမျော်မြင်ကြီးမှု့ ပင်။မြန်မာနိုင်ငံ၏အိမ်နီးချင်းပတ်လည်တွင်   အမေရိကန်၏့  စစ်စခန်းများစွာရှိသည်  ။နှစ်စဉ်  မြ၀တီနယ်စပ်မှာ  ပြုလုပ်သော cobra    စစ်ဆင်ရေးသည် ထိုင်းတို၏့ စစ်အင်အားပါဝါကို  ပြသကဲ့ သို့ တနည်း  မြန်မာနိုင်ငံ၏ကာကွယ်ရေးအခန်းကဏ္ဍကိုမှေးမှိန်အောင်  ပြုလုပ်
နေခြင်းဖြစ်သည်။တိုးတက်လာသော က မ္ဘာ ခေတ်၇ွာကြီးတွင်  အမေရိကန်တို့  စီးပွားရေး ပျက်ကပ်  အပြင်
တရုတ်တို့ ၏ ရင်ဘောင်တန်းလာမှု့  ၊အမေ၇ိကန်၏့  စစ်စခန်းမရှိသော တခုတည်းသောထွက်ပေါက်မြန်မာ
့ကလည်း  ထည့် သွင်းစဉ်းစားရမည့်  အချက်များဖြစ်ပါသည်။
အနေနှင့်  ဖြတ်သန်းနေကျသည်မှာ  အဆိုးဆုံး  အဖြစ်ပင်။တောသူတောင်သားများ  ထက် ပို မို စွန့် စားလိုသူ
များသည်  ပြည်ပနိုင်ငံများတွင်  အလုပ်လုပ်နေကျသူများသာဖြစ်ပါသည်။တစတစ တိုင်းပြည်တိုးတက်မှု့ တွင်
သည်။ပြည်ပရောက် သူအများစုမှာ  မိမိပညာရေးအတွက်သော်လည်းကောင်း၊စီးပွားရေးအတွက်သော်လည်း
ကောင်း  နေထိုင်သူများဖြစ်သည်  အားလျော်စွာ   တိုင်းပြည်၏့ လူ့  အ၇င်းအမြစ်ဖွံ့ ဖြိုးမှု့ အတွက် ကြီးမား
သော  ဆုံး၇ှုံးမှု့  တရပ်ဖြစ်ပါသည်။
ပညာမတက်သောသူဖြစ်စေ၊တက်သောသူဖြစ်စေ  တိုင်းပြည် အတွက် အလုပ်တခုလုပ်နေလျင်  ပိုကောင်း
နိုင်သော  အခြေအနေတရပ်ပင်ဖြစ်ပါသည်။ထို့ သို့ သော  မွန်မြက်သော  အလုပ်ပိုင်ရှင်များကို ပြပါဆိုလျင်
မြန်မာနိုင်ငံတွင်  လက်ညိုးထိုးစရာ   ပြယုဒ်အဖြစ်   စစ်သည်ရဲ မေများမှာ  အားတက်ဖွယ် မြင်တွေ့ နေရပါ
သေးသည်။စွယ်စုံ  ပါရမီဖြည့် ဖက် များဖြစ်သည့် အပြင်   တိုင်းပြည် အကျိုးကိုလည်း   စွမ်းအား၇ှိသမျှ  ထမ်း
ဆောင်နေသူများဖြစ်ပါသည်။သို့ သော်  လစာ ပိုမရရှိသလို  ရိက္ခာလည်း  ပိုမို မရရှိပါ။လင်ယောက်ျား  ၏
အိမ်သူ့ တာဝန်များ  မလစ်ဟင်းသည့် အပြင်   တာဝန်ပေါင်းမြောက်များစွာထမ်းဆောင်ကြ၇ပါသည်။ မြန်မာ
နိုင်ငံရှိ  အမျိုးသမီးပေါင်းမြောက်များစွာထက်  တိုင်းပြည်တာဝန်ကို  ထမ်းဆောင်နေကျရသူများဖြစ်ပါသည်။
ဘာသာတရားဘက်တွင်လည်း  ပြင်ပကိုယ်ပိုင်သီးသန့်  လုပ်နေသူများထက်  မသာလျင်ပင်  မလျော့ သော
အနေအထားတရပ်ကို ပိုင်ဆိုင်သူများဖြစ်ပါသည်။ဝတ်ရွတ်အသင်း၊ဓမ္မစကြာ  အသင်းများ၊အစရှိသဖြင့် အ
သင်းဖွဲ့ များဖြင့်   ဘာသားရေးလိုင်းတွင်လည်း  မလစ်ဟင်းကျပေ။လက်ရှိမြန်မာနိုင်ငံတွင်  ဓမ္မစကြာ မ၇ွတ်
ဖက်တက်သေးသော  အမျိုးသမီးများစွာ၇ှိနေပါသေးသည်။သို့ သော်  မြန်မာနိုင်ငံ၇ှိတပ်တိုင်းတွင်  ၇ှိသော
ရဲ မေစစ်သည်များမှာ  မူ အကုန်၇ွတ်ဖတ်တက်သောသူများသာဖြစ်ပါသည်။မြန်မာနိင်ငံတွင်    ကာကွယ်ရေး
နောက်ချန်  အရံ အဖြစ်  အပို လစာမရပဲ ထမ်းဆောင်နေသော  အဖွဲ့  အစည်း တခုကို ပြပါဆိုလျင်လည်း
စစ်သည်ရဲမေများပင်ဖြစ်သည်။
တပ်ဖွဲ့ စည်းပုံပါ  လက်နက်များကို  ဖြုတ် ၊တပ် ၊ပစ်ခတ်ခြင်းများကို  ကျွမ်းကျင်ပါသည်ဟုဆိုလျင်  အ၇ွယ်
ရောက်  ယောက်ျားလေးများအတွက်  အတုယုစရာကောင်းလှပါသည်။မဆိုင်ပါဟု မျက်နှာလွဲ  ခဲ ပစ်ဆိုပါ
လျင်   အဆိုပါ  စစ်သည်ရဲ မေများမှာ  လင်ယောက်ျားယူဖို့ အတွက်  အချစ်တခုကို အရင်းတည်ကာ ဘ၀တ
ခုလုံးမြုပ်နှံ ပြီး  တိုင်းပြည် အတွက် ပေးဆပ်နေသော  စွန့် လွတ် သော  သားကောင်းအာဇာနည်ဟုပင်ခေါ်
ဆိုထိုက်ပေသည်။ကမ္ဘာပေါ်ရှိ        နိုင်ငံများအလိုက်  တာဝန်        ထမ်းဆော င်နေသော  အမျိုးသမီး  စစ်သည်ရဲမေများအား ဖော်ပြရင်းဖြင့်   မြန်မာနိုင်ငံရှိစစ်သည်ရဲမေများ၏  ဘ၀အား  စာနာနားလည်ပေး
နိုင်စေရန်အလိုငှာ     ဗဟုသုအဖြစ် ဖော်ပြခြင်းဖြစ်ပါသည်။
Algeria
Australia
Austria
Bahrain
Belgium
Brazil
Canada
Chile
China
Colombia
Czech Republic
Finland
Greece
Holland
India
Indonesia
Iran
Israel
Italy
Japan
Kenya
Serbia
Mexico
Nepal
New Zealand
Norway
Pakistan
Peru
                အိုအေစစ်ဘလော့မှ ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်.......
No comments:
Post a Comment