From :ခေတ်လူငယ်
နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရန် ရည်ရွယ်သည့် အင်ဒို-မြန်မာ ချစ်ကြည်ရေး ကားမောင်းပြိုင်ပွဲကို လာမည့်မတ်လအတွင်း ကျင်းပမည်ဖြစ်ပြီး ကုန်သွယ်မှုနှင့် ခရီးသွားဆိုင်ရာ ကွန်ဖရင့်များပါ ပြုလုပ်မည်ဖြစ်ကြောင်း ကားမောင်းပြိုင်ပွဲ စီစဉ်သည့် မင်္ဂလာရှုခင်း (Bright View) ခရီးသွားကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အိန္ဒိယနိုင်ငံ ဂူဝါဟာတီမှ ကိုဟီးမာ၊ တမူး၊ ကလေး၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်၊ ပြည်၊ ပုဂံ၊ မုံရွာ၊ ကလေး၊ တမူး၊ ကိုဟီးမာ၊ ဂူဝါဟာတီအထိ မြန်မာနိုင်ငံအတွင်း ၈ ညအိပ် ၉ ရက်ခရီးကို မတ်လ ၁၃ ရက်မှ ၂၁ ရက်အထိ မောင်းနှင်ရန် စီစဉ်ထားသည်ဟု သိရသည်။ ကားမောင်းပြိုင်ပွဲတွင် တာတာ၊ မဟင်ဒရာ၊ ဆူဇူကီး၊ ချက်ပလက်စသည့် မော်တော်ကားကုမ္ပဏီများက ထုတ်လုပ်သည့် ခရီးကြမ်း မောင်းနှင်နိုင်သော (Sport Utility Vehicle-SUV) များဖြင့် မောင်းနှင်မည်ဖြစ်သည်။ ချစ်ကြည်ရေး ကားမောင်းပြိုင်ပွဲကို စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသားများသည် မင်္ဂလာရှုခင်း ခရီးသွားကုမ္ပဏီနှင့် ယခုလ ၂၉ ရက်အထိ ဆက်သွယ်ဆောင်ရွက်နိုင်ပြီး နိုင်ငံကူးလက်မှတ်နှင့် အင်တာနေရှင်နယ် ယာဉ်မောင်းလိုင်စင်ရှိရန် လိုအပ်သည်ဖြစ်ပါသည်..

Myanmar Express မှ ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်.....
No comments:
Post a Comment