လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မြင့်မားရေး နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့အတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယခုလတွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။
ယင်းအလုပ်ရုံဆွေးနွေးပွဲအား ယခုလ ၂၇ နှင့် ၂၈ ရက်နေ့များတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (Myanmar International Convention Center) ၌ ကျင်းပပြုလုပ်ရန် အစီအစဉ်ရှိကြောင်း မြန်မာနိုင်ငံကွန်ပျုတာအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးသိန်းဦးက ပြောသည်။
အလုပ်ရုံဆွေးနွေးပွဲကို အပိုင်း(၃) ပိုင်းခွဲ၍ ပြုလုပ်မည်ဖြစ်ကြောင်း၊ ပထမအပိုင်းတွင် အဓိကကျသော
သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်မှု ဖြစ်ပေါ်လာစေရေး၊ ဒုတိယ ပိုင်းအနေဖြင့် အခြေခံအဆောက်အအုံအပေါ် သုံးသပ်ခြင်းနှင့် တတိယ အပိုင်းတွင် ကဏ္ဍငါးခုအတွက် ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ဆွေးနွေးပြီး အကြံပြုချက်များ တင်ပြသွားမည်ဖြစ် ကြောင်း ပြောသည်။
မြန်မာနိုင်ငံ ကွန်ပျူတာပညာဖွံ့ဖြိုးရေး ကောင်စီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာ အသင်းများ ပူးပေါင်း၍ PPP (Public-Private-Partnership) အစီအစဉ်ဖြင့် ၎င်းအမျိုးသား အဆင့် အလုပ်ရုံဆွေးနွေးပွဲအား ပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် "ဆက်လက်အကောင်အထည်ဖော်မည့် အကြံပြုချက်များ"ကို အတည်ပြုရန် သက်ဆိုင်ရာသို့ ဆက်လက်တင်ပြသွားမည်ဖြစ်သည်။
မြန်မာတိုင်း(မ်)ဂျာနယ် မှ ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်.....
No comments:
Post a Comment