
ဆောက်လုပ်မည့်အဆောက်အအုံဒီဇိုင်းကို ကြေညာထားသည်ကို တွေ့ရစဉ်။
ဓာတ်ပုံ-စုလှိုင်ထွန်း
၎င်း Grand ACE Avenue Project ၏ ပထမခြေလှမ်းအဖြစ် သက်တမ်း နှစ်နှစ်အတွင်း အဆောက်အအုံ ၁၂ လုံး နှင့် အခန်းပေါင်း ၃၇၇ ခန်းကို အပြီး ဆောက်လုပ်သွားရန် လျာထားသည်ဟု သိရသည်။
"အဓိကပစ်မှတ်က ဘေးကဇီဝိတဒါန ဆေးရုံကြီးကို လာရောက် ကုသမယ့် မိသားစုတွေ တည်းခိုရေး
အဆင့်မြင့်မြင့် တည်းနိုင်ဖို့ပါ။ ကျန်တာတွေကတော့ မြို့တော်အင်္ဂါရပ်နဲ့ လိုက်ဖက်မယ့် ဈေးဝယ် စင်တာတို့၊ ရုပ်ရှင်ရုံတွေလည်းပါမှာ ဖြစ်ပါတယ်"ဟု အေစီအီးကုမ္ပဏီ၏ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာကိုဇော်ဖြိုး က ပြောသည်။
အဆိုပါ အဆောက်အအုံဘေးရှိ ခုတင် ၁၀၀၀ ဆံ့ ဇီဝိတဒါနဆေးရုံကြီး တွင် အဆင့်မြင့်ခွဲစိတ်ကိရိယာများ တပ်ဆင်၍ နိုင်ငံတကာ အဆင့်မီ ဆေးရုံ ကြီးအဖြစ် တိုးမြှင့်ဖွင့်လှစ်သွားပြီးပါက လာရောက်ကုသမည့် မိသားစုများ တည်းခိုနေထိုင်ရေးအတွက် အဆင်ပြေ စေမည်ဟု ဆိုသည်။
စီမံကိန်းတွင် တည်းခိုဆောင်အဖြစ် အခန်း ၂၅၉ ခန်း၊ အစည်းအဝေးခန်း လေးခန်း၊ စားသောက်ခန်း ၁၃ ခန်း၊ ရုံး ခန်း ၅၀ ၊ ဈေးဆိုင်ခန်း ၄၉ ဆိုင်နှင့် ရုပ်ရှင် ရုံ တစ်ရုံတို့ ပါဝင်မည်ဖြစ်သည်။
"ဆောက်မယ့်တိုက်တွေမှာ အနည်းဆုံး ငါးထပ်၊ ခြောက်ထပ်တွေပဲဖြစ်ပါတယ်။ ကုန်ကျစရိတ်တော့ တွက်မထားသေးဘူး။ တစ်နေရာ တည်းနဲ့ အစုံရနိုင် ဖို့လုပ်သွားမှာဖြစ်ပါတယ်။ မြေအလှတွေလည်း ဒီဇိုင်းဆွဲထားတာနဲ့ အနီးစပ်ဆုံး ထပ်တူဖြစ်အောင်လုပ်မှာ ဖြစ်ပါ တယ်" ဟု ကိုဇော်ဖြိုးက ပြောသည်။
စီမံကိန်းပြီးစီးသွားပါက နေပြည်တော်တွင် ရုံးခန်းဖွင့်လှစ်လိုသည့် ကုမ္ပဏီများ အနေဖြင့် ငှားရမ်း၍သော်လည်းကောင်း၊ ကိုယ်ပိုင် ၀ယ်၍သော်လည်းကောင်း ဖွင့်လှစ်နိုင်မည်ဖြစ်သည်။
မြန်မာတိုင်း(မ်) ဂျာနယ် မှ ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်......
No comments:
Post a Comment