Saturday, February 25, 2012

သန်လျင် သမ၀ါယမဒီဂရီ ကောလိပ်အား တက္ကသိုလ်အဆင့်ထိ တိုးမြှင့်ဖွင့်လှစ်သွားမည်


From : MRTV-4


ယခုလက်ရှိ သန်လျင်မြို့နယ်မှာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိတဲ့ သမ၀ါယမ ဒီဂရီကောလိပ် (သန်လျင်) ကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစတင်ကာ တက္ကသိုလ်အဆင့်ထိ တိုးမြှင့် ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ အဆိုပါကျောင်းမှ ပါမောက္ခချုပ်ရဲ့ ပြောကြား ချက်အရ သိရပါတယ်။ ဒီလို တိုးမြှင့်ဖွင့်လှစ်ရာမှာ သမ၀ါယမ ဒီဂရီကောလိပ်(သန်လျင်) ကို သမ၀ါယမ တက္ကသိုလ်(သန်လျင်)ဟု ပြောင်းလဲ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

ယခင်က သမ၀ါယမဒီဂရီ ကောလိပ် (သန်လျင်)ဟာ ပညာသင်နှစ် ၃နှစ်မှာ ၂နှစ်တာကာလ ပြီးဆုံးပါက ဒီပလိုမာလက်မှတ် ထုတ်ပေး တာ ဖြစ်ပြီး နောက်ဆုံး ပညာသင်နှစ်ပြီးမှသာ ရန်ကုန်တက္ကသိုလ်နဲ့ ပူးပေါင်းကာ ဘွဲ့လက်မှတ် ထုတ်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုလို တက္ကသိုလ်အဆင့်ထိ တိုးမြှင့်ပြောင်းလဲ ဖွင့်လှစ်လိုက်တဲ့အတွက် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစတင်ကာ သမ၀ါယမ တက္ကသိုလ်(သန်လျင်)မှ ဘွဲ့လက်မှတ်ကို တိုက်ရိုက် ပေးနိုင်ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ကျောင်းသား၊ ကျောင်းသားများ ကျောင်းအပ် လက်ခံထားရှိမှုကိုတော့ သင်ကြားနိုင်မယ့် အဆောက်အအုံ၊ စာသင်ခန်းနဲ့ ဆရာ၊ ဆရာမများပေါ် မူတည်ကာ အချိုးအစားညီစွာ နဲ့ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment