Saturday, February 25, 2012

ပြည်သူ့ဝန်ထမ်းများအား အနိမ့်ဆုံး ပျမ်းမျှ တစ်လကျပ်တစ်သိန်းနှုန်းပေးရန် သူရဦးရွှေမန်း သ၀ဏ်လွှာပို့

နိုင်ငံတော်တွင် ငွေကြေးလုံလောက်အဆင်ပြေလျှင် ပြည်သူ့ဝန်ထမ်းများအား အနိမ့်ဆုံးပျမ်းမျှ တစ်လကျပ်တစ်သိန်းနှုန်းဝန်းကျင်ဖြင့် လုပ်ခလစာတိုးမြှင့်ပေးသင့်သည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်နာယကထံသို့ပေးပို့သည့် သ၀ဏ်လွှာတွင် ထည့်သွင်းထားသည်။
ဝန်ထမ်းများအား အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်နိုင်ရန်အတွက် အစိုးရ၏ အချို့သောစီမံကိန်းများအား ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း လျှော့ချ၍ခွင့်ပြုခြင်းများ ပြုလုပ်ရမည်ဖြစ်ပြီး ထိုစီမံကိန်းများတွင် စက်မှုဖွံ့ဖြိုးရေး စီမံကိန်းနှင့် နေပြည်တော်ဖွံ့ဖြိုးရေးစီမံကိန်းတို့ပါဝင်ပြီး
ဆက်လက်စိစစ်ပါကလည်း အခြားစီမံကိန်းများပေါ်ထွက်လာနိုင်ကြောင်း  သူရဦးရွှေမန်းက ဖေဖော်ဝါရီ ၂၁ရက်တွင်ကျင်းပသည့်  ပြည်သူ့လွှတ်တော်၌ ပြည်ထောင်စုလွှတ်တော် နာယကထံပေးပို့သည့် သ၀ဏ်လွှာတွင်ထည့်သွင်းပြောကြား သွားသည်။
ပြည်သူ့ဝန်ထမ်းများ၏ လုပ်ခလစာတိုးမြှင့်ပေးရေးနှင့်ပတ်သက်၍နိုင်ငံတော်တွင် ငွေကြေးလုံလောက်အဆင်ပြေလျှင် ပြည်သူ့ဝန်ထမ်းများအား အနိမ့်ဆုံးပျမ်းမျှ တစ်လကျပ်တစ်သိန်းနှုန်းဝန်းကျင်ဖြစ်သင့်သည်။ တစ်သိန်းရရှိသူများသည် ထိုက်တန်သည့် အခွန်နုတ်ပေးပါက တစ်လ ကျပ် ရှစ်သောင်း၊ ကျပ်ကိုးသောင်းရရှိမည်ဖြစ်ပြီး ငွေကြေးလုံလောက် အဆင်မပြေသေးပါကလည်း ဖြစ်နိုင်သလောက် တိုးမြှင့်ပေးသင့်သည်ဟု ပါဝင်သည်။ “ပြည်သူများ၏ ဘဏ္ဍာငွေများကို ပြည်သူ့ကိုယ်စားလှယ်များက သေချာစစ်ဆေးပြီး သုံးသင့်သည်များ မကုန်သင့်သည်များကို ပြည်ထောင်စုလွှတ်တော်မှ စနစ်တကျဆောင်ရွက်ပေးပါက ၀န်ထမ်းများ၏ လစာနှင့် စရိတ်အား အတိုင်းအတာတစ်ခုထိ အမှန်တကယ်တိုးမြှင့်ပေးနိုင်မည်ဖြစ်ပါသည်”ဟု သူရဦးရွှေမန်းက ပေးပို့သည့် အပိုဒ် ၁၁ တွင် ပါဝင်သည်။ဝန်ထမ်းများ၏ လုပ်ခလစာ နှင့်ပတ်သက်သည့် အကြောင်းအရာများ ပါဝင်ပြီး စုစုပေါင်း စာပိုဒ် ၁၄ပိုဒ်ပါဝင်သည်။

                                                               ELEVEN ဂျာနယ် မှ ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်......

No comments:

Post a Comment