
လေးနိုင်ငံထုတ်ကားများ ပထမဆုံးပြသရောင်းချမည့် Shwe Mandalar Expo 2012
ပြပွဲကို မန္တလေးမြို့မြို့တော်ခန်းမတွင် ဖေဖော်ဝါရီလ ၂၆ ရက်မှ ၂၉ ရက် အထိ
ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ “၂၀၁၂ ခုနှစ်ရဲ့မန္တလေးအတွက်
အကြီးကျယ်ဆုံးပြပွဲတစ်ပွဲဖြစ်အောင် စီစဉ်သွားမှာဖြစ်သလို
အစုံလင်ဆုံး ကုန်စည်ပြပွဲဖြစ်မြောက်အောင်လည်း စီစဉ်ထားပါတယ်” ဟု C &
D Group မှ
တာဝန်ရှိသူတစ်ဦးကပြောသည်။ ဂျပန်၊ ကိုရီးယား၊ တရုတ်၊
အိန္ဒိယနိုင်ငံထုတ်ကားပြခန်းများ၊ ကားဝန်ဆောင်မှုကုမ္ပဏီပြခန်းများ၊ တာယာနှင့်
စက်သုံးဆီအမျိုးမျိုးပြခန်း၊ မော်တော်ဆိုင်ကယ်ပြခန်းများ၊ အဲယားကွန်းနှင့်
အီလက်ထရောနစ်ပြခန်းများ၊ အိမ်ဆောက်ပစ္စည်းဆိုင်ရာပြခန်းများ၊
မိုဘိုင်းဖုန်းနှင့် ဆက်သွယ်ရေးဆိုင်ရာပြခန်းများ၊ မီဒီယာပြခန်းများ၊
ခရီးသွားဝန်ဆောင်မှု၊ ပညာရေးဝန်ဆောင်မှုပြခန်းများ၊
စိုက်ပျိုးရေးဆိုင်ရာပြခန်းများနှင့် စုံလင်အောင်
ပြသရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ Senior and Junior King &
Queen of Mandalay ရွေးချယ်ပွဲကြီးကိုလည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ပါဝင်ပြသလိုသူများ၊ တက်ရောက်လိုသူများအနေဖြင့် အသေးစိတ်အချက်အလက်များကို
ဖုန်း-၀၉-၄၃၁၂၆၄၇၈ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
ရေးသားသူ - ကောင်းမြတ်ထွန်း
|
No comments:
Post a Comment