Monday, February 13, 2012

လျှပ်စစ်ကျွမ်းကျင် အခြေခံ အီလက်ထရောနစ်သင်တန်းနှင့် စတိန်းလက်စတီး ဂဟေဆက်သင်တန်း အခမဲ့ဖွင့်လှစ်မည်




စွမ်းအားအီလက်ထရောနစ်နှင့် သမ၀ါယမ၀န်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ လျှပ်စစ်ကျွမ်းကျင်၊ အခြေခံ အီလက်ထရောနစ်သင်တန်းနှင့် စတိန်းလက်စတီး ဂဟေဆက်သင်တန်းကို မန္တလေးမြို့ ရဲမွန်နည်းပညာသင်တန်းကျောင်း၌ မတ်လ၂၀ ရက်နေ့တွင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတက်ရောက်မည့်သူများအနေဖြင့် မှတ်ပုံတင်ကြေး (၁၀၀၀၀) ကျပ်သာပေးသွင်းရန် လိုအပ်ပြီး
ကျန်သင်တန်းကုန်ကျစရိတ်မှာ အခမဲ့ဖြစ်ကြောင်းသိရသည်။ လူဦးရေ ကန့်သတ်လက်ခံသင်ကြားပေးမည်ဖြစ်သည့်အတွက် ဖေဖော်ဝါရီလ ၂၉ ရက်နောက်ဆုံးထား၍ ကြိုတင်စာရင်းပေးသွင်းထားရန် လိုအပ်ကြောင်းသိရသည်။ သင်တန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို  ရဲမွန်နည်းပညာသင်တန်းကျောင်း၊ ၀၂-၇၇၂၉၉၊ ၀၉-၉၁၀၁၂၇၇၅ နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဌာန ၀၂-၃၉၆၀၉ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

ရေးသားသူ - ကောင်းမြတ်ထွန်း

No comments:

Post a Comment