ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး အား ဂျပန်နိုင်ငံ
Jissen Kankyo Kenkyusho (JKK), Japan Vice President Dr. Shin IMAI သည်
ဖေဖော်ဝါရီလ ( ၉ ) ရက်နေ့ ညနေပိုင်း ( ၃ ) နာရီအချိန်တွင် နေပြည်တော်ရှိ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့
လာရောက်တွေ့ဆုံသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး အား ဂျပန်နိုင်ငံ
Jissen Kankyo Kenkyusho (JKK), Japan Vice President Dr. Shin IMAI
လာရောက်တွေ့ဆုံစဉ်
တွေ့ဆုံပွဲသို့ ပါတီအထွေထွေအတွင်းရေးမှူး
ဦးဌေးဦး နှင့်အတူ အလုပ်အမှုဆောင် ဦးမောင်မောင်ဆွေ နှင့် ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံးမှ တာဝန်ရှိသူများ
တက်ရောက်ပြီး၊ Jissen Kankyo Kenkyusho (JKK), Japan Vice President
Dr.Shin IMAI တို့တက်ရောက်ကြသည်။

အထွေထွေအတွင်းရေးမှူး
ဦးဌေးဦး မှ ဂျပန်နိုင်ငံ Jissen Kankyo Kenkyusho (JKK), Japan Vice
President Dr. Shin IMAI အား အမှတ်တရလက်ဆောင် ပေးအပ်စဉ်
ယင်းသို့တွေ့ဆုံရာတွင်
ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး နှင့် Jissen Kankyo Kenkyusho
(JKK), Japan Vice President Dr. Shin IMAI တို့သည် မြန်မာနိုင်ငံတွင်
အစားထိုးလောင်စာ စွမ်းအင်ဖြစ်သော Biodisel ထုတ်လုပ်ရေးနှင့် စပ်လျဉ်းသော
စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ နည်းပညာ ဆိုင်ရာများကို ပူးပေါင်း
ဆောင်ရွက်ရန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

အထွေထွေအတွင်းရေးမှူး
ဦးဌေးဦး နှင့် ဂျပန်နိုင်ငံ Jissen Kankyo Kenkyusho (JKK), Japan
Vice President Dr. Shin IMAI တို့ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးစဉ်
တွေ့ဆုံပွဲအပြီးတွင်
ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက Jissen Kankyo Kenkyusho (JKK),
Japan Vice President Dr. Shin IMAI ကို အမှတ်တရ လက်ဆောင်ပေးအပ်ပြီး
တက်ရောက်လာသော အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြောင်း
သတင်းရရှိသည်။
Myanmar Express မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်......
No comments:
Post a Comment