Monday, February 13, 2012

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ ယခုလအတွင်း လာရောက် ဆွေးနွေးသွားမည်



From : .MRTV-4
မြန်မာနိုင်ငံမှာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက် နိုင်ဖို့အတွက် ထိုင်းနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်တွေဟာ လာမယ့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ မြန်မာနိုင်ငံရှိ UMFCCI မှ တာဝန်ရှိသူများနဲ့ လာရောက်တွေ့ဆုံမှာ ဖြစ်တယ်လို့ သိရပါတယ်။



အဲ့ဒီလို လာရောက်ရာမှာတော့ ထိုင်းနိုင်ငံ Ministry of Commerce ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနနဲ့ Fiscal Policy Research Institute Foundation တို့ကြီးမှူးတဲ့ စီးပွားရေး လုပ်ငန်းရှင် ၄၃ ဦးပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ လာရောက်မှာ ဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံဖို့ ဆောင်ရွက်ကြခြင်းဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းများ
ပိုမိုဆောင်ရွက် နိုင်ဖို့အတွက် ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။

ဒီလို ဆောင်ရွက်ကြရာမှာတော့ မြန်မာနိုင်ငံမှ အာမခံလုပ်ငန်း ၊ ကျောက်မျက်ရတနာ လုပ်ငန်း ၊ ၀န်ဆောင်မှုလုပ်ငန်း ၊ စတီးပစ္စည်းနှင့် ဆောက်လုပ်ရေးလုပ်ငန်း ၊ ဆက်သွယ်ရေး လုပ်ငန်း ၊ ပလတ်စတစ် ပစ္စည်းနဲ့ အပိုပစ္စည်း အမျိုမျိုး ၊ ပလတ်စတစ် ထုတ်ပိုးမှုလုပ်ငန်း အစရှိတဲ့ လုပ်ငန်းများမှ လုပ်ငန်းရှင် အများစုနဲ့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် မှာ ဖြစ်ပါတယ်။

ဒါ့အပြင် လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်ပစ္စည်း လုပ်ငန်း ၊ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်လုပ်ငန်း ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်း ၊ ၀န်ဆောင်မှု လုပ်ငန်းများ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဆွေးနွေးမှုကိုတော့ စီးပွားရေး ကဏ္ဍအလိုက် စက်မှု ကုန်ထုတ်လုပ်ငန်း ၊ စွမ်းအင်နှင့် ပတ်ဝန်းကျင် ဆိုင်ရာများ ၊ ဆောက်လုပ်ရေးနှင့် ထုတ်ကုန် ပစ္စည်းလုပ်ငန်း ၊ ၀န်ဆောင်မှု လုပ်ငန်းဆိုပြီး အုပ်စု ၄ စုခွဲကာ သက်ဆိုင်ရာ စီးပွားရေး ကဏ္ဍအလိုက် ဆွေးနွေးသွားမယ်လို့ သတင်းရရှိပါသည်။

                                                                             တစ်ဆင့် ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်.....

No comments:

Post a Comment