Sunday, February 5, 2012

အကယ်ဒမီ ခန့်စည်သူ နှင့် မေတ္တာသင်္ဂဟအဖွဲ့ အနာကြီးရောဂါသည်များအတွက် လှူဒါန်း


သီဟသုဓမ္မ မဏိဇောတဓရ အကယ်ဒမီ ခန့်စည်သူနှင့် မေတ္တာသင်္ဂဟအဖွဲ့၏ အလှူဒါနအဖြစ် ၁ဝ-၁-၂ဝ၁၂ ရက် က ရန်ကုန်တိုင်း လှည်းကူးမြို့နယ် မရမ်းချောင်းကျေးရွာ ပရဟိတဂေဟာရှိ မသန်စွမ်း အနာကြီးရောဂါသည်များ အတွက် ကျန်းမာရေးအတွက် လိုအပ်သော ပစ္စည်းများနှင့် အာဟာရဖြစ်စေမည့် အစားအစာများအပြင် လိုအပ်သောနေရာများအတွက် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါလှူဒါန်းပွဲတွင် ငွေကျပ် သိန်းငွေကျပ် ၄ဝ နှင့် လိုအပ်သောပစ္စည်းများ တန်ဖိုးကျပ် သိန်း၂ဝတို့အား လှူဒါန်းခဲ့ကြောင်းသိရသည်။ အဆိုပါ လှူဒါန်းပွဲ၌ ဆရာတော် ရှင်ဆန္ဒာဓိက နှင့် မေတ္တာသင်္ဂဟအဖွဲ့တွင် ပါဝင်သော အနုပညာရှင်များ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

                                                            Myanmar Express မှကူးယူ တင်ပြခြင်း ဖြစ်ပါသည်.........

No comments:

Post a Comment