Monday, February 6, 2012

”ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း တစ်ခုအတွင်း မီဒီယာဖွံ့ဖြိုးတက်မှု” အလုပ်ရုံ ဆွေးနွေးပဲ ကျင်းပပြီးစီး




ဦးတင့်ဆွေ စာတမ်းဖတ်ကြားနေစဉ်
မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့နှင့် စင်ကာပူ အခြေစိုက် အာရှမီဒီယာ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး ဗဟို အဖွဲ့တို့ ပူးပေါင်း စီစဉ်သည့် ဒီမိုကရက် တစ် လူ့ အဖွဲ့အစည်း တစ်ခု အတွင်း မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံ ဆွေးနွေးပွဲကို ဇန်နဝါရီ ၃ဝ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ အင်းလျားကန် ဟိုတယ်တွင် ကျင်းပ သည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ နိုင်ငံတော် သမ္မတ အကြံပေးပုဂ္ဂိုလ်များ၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ
တာဝန်ရှိသူများ၊ နိုင်ငံတကာ ပညာရှင်များ၊ ပြည်တွင်းမှ ပညာရှင် များ၊ စာပေ စိစစ်နှင့် မှတ်ပုံတင်ဌာနမှ တာဝန်ရှိ သူများနှင့် ပြည်တွင်းပြည်ပ မီဒီယာများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲ ပထမနေ့ ပထမ ပိုင်းတွင် Media related Laws Responding to the Internet Age ခေါင်းစဉ်အောက်ဝယ် မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းမှ ပညာ ရှင်များ က စာတမ်းများ ဖတ်ကြား တင်ပြကြပြီးနောက် စာပေစိစစ်နှင့် မှတ်ပုံတင် ဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးတင့်ဆွေကလည်း “Current Policy on Drafting Media Law” အမည်ရှိ စာတမ်းကို ဖတ်ကြား တင်ပြသည်။ မြန်မာနိုင်ငံတွင် မီဒီယာ ဆိုင်ရာ ဥပဒေများ ခေတ် အဆက်ဆက် ပြောင်းလဲလာပုံ တို့ကို တင်ပြဆွေးနွေးခြင်းဖြစ်သည်။

ထိုစာတမ်းဝယ် ယခု မူကြမ်း ရေးဆွဲထားသော မြန်မာနိုင်ငံ မီဒီယာ ဥပဒေနှင့် ပတ်သက်၍ ထည့်သွင်းတင်ပြခဲ့သည်။ ယခု စီစဉ်နေကြသည့် မီဒီယာ ဥပဒေမှာ ပုံနှိပ် မီဒီယာ များအတွက်သာ ဖြစ်ပြီး ယင်းဥပဒေ ကြမ်းကို နိုင်ငံတော် ရှေ့နေချုပ်ရုံးသို့ တင်ပြထားကြောင်း၊ ထို့နောက် ပြည်ထောင်စု လွှတ်တော်သို့ ဆက်လက် တင်ပြ၍ အတည်ပြုချက် ရယူရမည်ဖြစ်ကြောင်း ဦးတင့်ဆွေက ပြောကြားခဲ့သည်။ မီဒီယာ ဥပဒေ ကြမ်းတွင် အခန်း(၁ဝ) ခန်းပါရှိရာ-
အခန်း(၁) အဓိပ္ပာယ်ဖွင့်ဆိုချက်များ
အခန်း(၂) စာရေးသူများနှင့် စာနယ်ဇင်းဆရာ များအတွက် ရပိုင်ခွင့်များ၊ တာဝန်များနှင့် ကျင့်ဝတ်များ၊ အခန်း(၃) စာအုပ် စာနယ်ဇင်း ထုတ်ဝေခြင်း ဆိုင်ရာ လိုက်နာရ မည့် အခြေခံ စည်းမျဉ်းများ၊ အခန်း(၄) စာပေ လွတ်လပ်ခွင့်နှင့် ကျင့်ဝတ်များ အကောင်အထည်ဖော်ရေး အတွက် စာနယ်ဇင်း ကော်မတီ၊ အခန်း(၅) ပုံနှိပ်၊ ထုတ်ဝေ ၊ ဖြန့်ချိသူများ မှတ်ပုံ တင်ခြင်း၊ အခန်း(၆) သတင်းစာများ၊ စာနယ်ဇင်းများ၊ စာအုပ်စာတမ်းများ ထုတ်ဝေခြင်း၊ အခန်း(၇) ယခု ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့် ဆန့် ကျင် ကွဲလွဲခြင်းများ၊ အခန်း(၈) ပြည်တွင်းပြည်ပ ထုတ်ဝေ ဖြန့်ချိခြင်း၊ အခန်း(၉) ပြစ်ဒဏ်များ၊ အခန်း(၁ဝ) အထွေထွေ ပြဋ္ဌာန်းချက် များဟူ၍ အကြမ်းဖျင်း ပါရှိကြောင်း သိရ သည်။

”စာပေ စိစစ်ရေးက တာဝန်ရှိသူတွေ ဆိုတာဟာလည်း လူသားတွေ ပါပဲ။ သူတို့မှာလည်း လူ့ခံစားမှုနဲ့ လူ့ကျင့်ဝတ် ဆိုင်ရာ အမြင်တွေ ရှိတာပါပဲ။ သူတို့လည်း လွတ်လပ် မှုနဲ့ လွတ်လပ်စွာ တွေးခေါ် ပြောဆိုမှုတွေကို မြတ်နိုးတာပါပဲ။ ဒါပေမဲ့ သူတို့ တာဝန်ယူ ရတာက တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ အောက်မှာလေ။ ဒီတော့ ကာ ဘေးချိတ်သင့်တာတွေ ကို ဘေးချိတ်ထားပြီး လုပ်ရလေ တော့ကာ လူဆိုးတွေ လိုဖြစ်လာ တော့တာပါပဲ။

အဲဒီ အခြေအနေတွေအောက်မှာ ဘယ်ဟာကမှားပြီး ဘယ်ဟာက မှန်တယ် ဆိုတာ ဘယ်သူမှမပြော နိုင်ဘူး။ အခု ဆွေးနွေးပွဲမှာလို မပြောရဲကြဘူး”ဟု ဦးတင့်ဆွေ၏ စာတမ်း တွင် ပါရှိသည်။ လွန်ခဲ့သော ခေတ်များက စာပေစိစစ်ရေး ဝန်ထမ်း ဘဝများကို ပြန်လည် ရည်ညွှန်း တင်ပြခြင်း ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံမှ အိုင်ဝန် အာဝါလူဒင်က Laws, Ethics and Media Freedom in Indonesia after Reformation ဟူသည့် ခေါင်းစဉ်ဖြင့် စာတမ်းဖတ် ကြား တင်ပြရာတွင် ခေတ်ပြောင်းပြီး ကာလ အင်ဒိုနီးရှား နိုင်ငံ၏ မီဒီယာ ဆိုင်ရာ လွတ်လပ်မှုများ၊ မီဒီယာ ဥပဒေပါ အချက်အလက် များကို ပြည့်စုံစွာ ရှင်းလင်း တင်ပြသွား သည်။
”အင်ဒိုနီးရှား ပုံနှိပ်ဥပဒေ အမှတ် ၄ဝ။ ၁၉၉၉ ဟာ တစ်မူထူးပါတယ်။ ဥပဒေကြမ်း ရေးဆွဲချိန်မှာ ပြည်သူ တွေဟာ အဲဒီ ဥပဒေအသစ်ဟာ ဘယ်လို ဖြစ်သင့်တယ် ဘာတွေ ပါ သင့်တယ် ဆိုတာတွေနဲ့ပတ်သက်လို့ သူတို့ရဲ့ အမြင်တွေ၊ အတွေးအကြံ တွေကို ပြောခွင့် တင်ပြခွင့် ရခဲ့တယ်”ဟု အာဝါလူဒင်က ပြောပါ သည်။

အလုပ်ရုံ ဆွေးနွေးပွဲ ပထမနေ့ဝယ် စာတမ်းရှင် ၁၁ ဦး စာတမ်းများ ဖတ်ကြား တင်ပြကြရာဝယ် မြန်မာ စာတမ်းရှင်များမှာ ဦးတင့်ဆွေ၊ ဦးသန်းလွင်ထွန်း (ဗွီအိုအေ မြန် မာ ပိုင်း ဌာနမှူး) နှင့် ဦးဇေယျသူ တို့ ဖြစ်ကြသည်။
အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့ တွင် မီဒီယာ ဥပဒေကို အသေးစိတ် ဆွေးနွေး အကြံပြုကြသည်။ ၄င်းနောက် Capacity Development (စွမ်းရည် ဖွံ့ဖြိုး တိုး တက်ရေး) အတွက် သတင်းစာ သင်တန်းကျောင်း တည်ထောင် ဖွင့်လှစ်ရေးကို အသေးစိတ် ဆွေးနွေးကြပြီး၊ သင်တန်းကျောင်း ဖြစ်မြောက်ရေး ယာယီ ကော်မတီကို ဖွဲ့စည်း ကာ အလုပ်ရုံ ဆွေးနွေးပွဲကို ဇန်နဝါရီ (၃၁) ညနေပိုင်းတွင်ရုပ်သိမ်း ခဲ့သည်။
PN-002
                                                           
                                                           Myanmar Express မှကူးယူ ဖော်ပြခြင်းဖြစ်ပါသည်........

No comments:

Post a Comment