နှစ်စဉ်ကျင်းပမြဲဖြစ်သော
ဆူးလေစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးကို ဇန်နဝါရီ (၂၅)ရက်မှ
(၂၉)ရက်အထိ (၅)ရက်တိုင်တိုင် စည်ကားစွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပွဲတော်ကြီးတွင်
ဗုဒ္ဓပူဇာအဖြစ် မြတ်စွာဘုရားကို နေ့စဉ်ဆွမ်းတော်ကြီးတင် ကပ်လှူပူဇော်ခြင်း၊
ဓမ္မပူဇာအဖြစ် အဘိဓမ္မာ (၇)ကျမ်း တရား ဒေသနာတော်များကို (၉)ရက်တိုင်တိုင်
အသံမစဲရွတ်ဖတ်ပူဇော်ခြင်းနှင့် သဲကုန်းဆရာတော် အရှင်ဥာဏိဿရ ဆရာတော်အပါအဝင်
နိုင်ငံကျော် ဓမ္မက ထိက ဆရာတော် (၅)ပါးတို့၏ ဓမ္မသဘင် ဆင်ယင်ကျင်းပခြင်း
တရားတော်များ ဟောကြားခြင်း၊ သံဃပူဇာအဖြစ် သံဃာတော်အပါး (၁ဝဝ)နှင့် သီလရှင်
အပါး (၅ဝ) တို့အား ဆွမ်းဆန်စိမ်း လောင်းလှူခြင်း၊ လှူဖွယ်ပစ္စည်းများ
လှူဒါန်းခြင်းတို့ဖြင့် ကျင်းပမည်ဖြစ်ပြီး ဇန်နဝါရီလ (၂၉)ရက် မွန်းလွဲ
(၃)နာရီတွင် ဆွမ်းဆန်တော် လောင်းလှူမည်ဖြစ်ကြောင်း ဆွမ်းဆန်စိမ်း
လောင်းလှူရေးအဖွဲ့က နှိုးဆော်ထားသည်။
ပွဲပျော်ရွှင်ပွဲများ
မထည့်သွင်းသည်မှာ ကြာပြီဖြစ်သည့် ဆူးလေဘုရားပွဲတော်ကြီးတွင် ယခုနှစ်သည်
ရာပြည့်ပွဲတော် ဖြစ်သည့်အတွက် ပျော်ပွဲရွှင်ပွဲများဖြင့် ကျင်းပမည်ဖြစ်ပြီး
ဇာတ်မင်းသား မိုးမင်းအဖွဲ့က ဇန်နဝါရီလ (၁၉)ရက်နေ့မှ (၂၃)နေ့အထိ
(၅)ညတိုင်တိုင် ကပြမည် ဖြစ်ကြောင်းသိရသည်။
ကိုရွှေ
No comments:
Post a Comment