
ခင်မောင်ညို (ဘောဂဗေဒ)
အစိုးရရဲ့အသုံးစရိတ်တွေ ဘာလို့ သုံးစွဲနေရသလဲဆိုတဲ့မေးခွန်းကို သုံးစွဲစရာအကြောင်း ပေါ်ပေါက်လာတဲ့ သမိုင်းကြောင်းနဲ့ ပတ်ဝန်းကျင်ကိုကြည့်ပြီး ပထမဆုံးဖြေရမှာဖြစ်တယ်။
ဥပမာ ပြည်တွင်းမှာ မတည်မငြိမ်ဖြစ်တာတွေ များနေတဲ့အချိန်၊ ပြည်ပအနရာယ်တွေများနေတဲ့အချိန်၊ မျိုးမှာ စစ်ရေးအသုံးစရိတ်တွေ များနေနိုင်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ပြီး ပြည်ပအနရာယ်တွေ လျော့ပါးသွားပြီဆိုရင်တော့ ဒီလောက် သုံးဖို့ လိုမယ် မထင်ပါဘူး။
ပြီးတော့ ပုဂလိက ကဏ္ဍကို ထိန်းချုပ်တဲ့ခေတ်က ထိန်းချုပ်တဲ့ဌာနတွေ နယ်ပယ်တွေမှာ စွမ်းအားတွေ ဝန်ထမ်းအင်အားတွေ အများကြီးသုံးခဲ့ရပေမယ့် ပုဂလိကကဏ္ဍဖွံ့ဖြိုးမှုကို အားပေးတဲ့အချိန်မှာ ပုဂလိက ကဏ္ဍ လုပ်လို့ကိုင်လို့ အဆင်ပြေအောင် အထောက်အကူပေး၊ ဝန်ဆောင်မှုပေးတဲ့ နေရာတွေမှာ ငွေအား၊ လူအား ပိုသုံးဖို့ လိုလာပါမယ်။
အဲသလိုပါပဲ။ လုံခြုံရေးအတွက် အခြေခံသုံးစွဲထားတဲ့၊ သုံးစွဲမှု ပုံစံနဲ့ စွမ်းဆောင်ရည် မြင့်မားရေး၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် သုံးစွဲတဲ့ ပုံစံချင်းတူမှာ မဟုတ်ပါဘူး။
တစ်ချိန်တုန်းကဆို စက်ရုံ အလုပ်ရုံတွေ တည်ဆောက်ရေး အတွက် နိုင်ငံတော်အစိုးရက ငွေလုံးငွေရင်း အသုံးစရိတ်တွေ အများကြီး အကုန်အကျခံခဲ့ရတယ်။ အခုလို ပုဂလိက ကဏ္ဍ အရေးပါလာတဲ့အချိန်မှာ ဟိုတုန်းကလို စီးပွားရေးလုပ်ငန်းတွေအတွက် ငွေလုံးငွေရင်း အများကြီး သုံးဖို့ လိုမှာ မဟုတ်ပါဘူး။ စီးပွားရေးလုပ်ငန်းတွေ အရှုံးပြလို့ ကျခံနေရတာတွေ၊ သာမန်အသုံးစရိတ်တွေလဲ သိသိသာသာ လျော့ပါးနိုင်ပါတယ်။
ဒုတိယ စဉ်းစားစရာ မေးခွန်းကတော့ ဘာအတွက်သုံးမှာလဲ၊ ဘယ်နေရာတွေမှာ လိုအပ်နေသလဲ ဆိုတဲ့မေးခွန်းပါ။ သေသေချာချာ ထပ်မေးဖို့လိုတာက လိုအပ်တာလား၊ လိုချင်တာလားဆိုတာပါ။ လိုချင်တာတွေကတော့ အတောမသတ်နိုင်တာမို့ ဘယ်နေရာတွေ ဘယ်သူတွေ လိုအပ်သလဲဆိုတာ မေးရတာပါ။
ဘာအတွက်သုံးမှာလဲ၊ ဘယ်နေရာတွေမှာ လိုအပ်နေသလဲ ဆိုတဲ့မေးခွန်းကိုတော့ ဈေးကွက်ရဲ့ အားနည်းချက်ရှိတဲ့နေရာတွေမှာလို့ လွယ်လွယ်ဖြေနိုင်ပါတယ်။ ဒါပေမယ့် ဈေးကွက်ရဲ့ အားနည်းချက် ဆိုတာကလဲ ပုံသဏာန်အမျိုးမျိုး၊ အသွင်အမျိုးမျိုးနဲ့ ရှိနေနိုင်တာပါ။
ဒီအပြင် ခါတိုင်းဘောဂဗေဒနယ်ပယ်မှာ မေးနေကျဖြစ်တဲ့ အခြေခံမေးခွန်းတွေကို မေးကြည့်၊ ဖြေကြည့်ဖို့လဲ လိုလာပါတယ်။ အဲဒါတွေက အစိုးရ(သို့)ပြည်သူပိုင်ကဏ္ဍက ဘာတွေ ထုတ်လုပ်ကြမှာလဲ..၊ အများပြည်သူသုံးဖို့ အတွက် ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုတွေလား..၊ မော်တော်ကားတွေ၊ ကက်ဆက်တွေ၊ ရုပ်မြင်သံကြားတွေလို၊ ပုဂလိကအသုံးအဆောင်တွေ၊ တစ်ကိုယ်ရည် အသုံးအဆောင်တွေလား..၊ လက်ရှိ ငွေအား၊ လူအား၊ နည်းပညာတွေနဲ့ အများပြည်သူသုံးဖို့က ဘယ်အချိုး၊ ပုဂလိကသုံးနိုင်ဖို့က ဘယ်အချိုး ထုတ်လုပ်ကြမှာလဲ..၊ အများပြည်သူသုံးဖို့အတွက် ဦးစားပေးထုတ်လုပ်မယ်ဆိုရင်တော့ ပုဂလိက သုံးစွဲစရာတွေ လျှော့ပြီး ထုတ်လုပ်ရမှာပါ။ ဒီနေရာမှာလဲ ဖြစ်ချင်၊ လိုချင်သလောက် မထုတ်လုပ်နိုင်တာ၊ စွမ်းအားရှိသလောက် မထုတ်လုပ်နိုင်တာဆိုတဲ့ အပိုအလိုတွေ ရှိနေမှာပါ။ တစ်ပြိုင်နက်တည်း အများပြည်သူသုံးဖို့ရော တစ်ဦးချင်း သုံးဖို့ရော၊ အပြည့်အဝ ထုတ်လုပ်ဖို့ဆိုတာကတော့ လက်တွေ့မကျပါဘူး။
ဒုတိယမေးခွန်းက ဘယ်လိုထုတ်လုပ်ကြမှာလဲ..၊ ပုဂလိကက ထုတ်လုပ်မှာလား..၊ အစိုးရ ဒါမှမဟုတ် ပြည်သူပိုင်ကဏ္ဍက ထုတ်လုပ်အရင်းအနှီးများများ သုံးပြီး ထုတ်လုပ်မှာလား..၊ လုပ်အားများများ သုံးပြီး ထုတ်လုပ်မှာလား..၊ အလုပ်လက်မဲ့တွေ များနေတဲ့နေရာ၊ များနေတဲ့အချိန်ဆို လုပ်အား များများသုံးတတ်ကြပေမယ့် ခေတ်မီတဲ့နည်းပညာတွေ၊ စံချိန်စံညွှန်းတွေ လိုချင်တယ်ဆိုရင်တော့ အရင်းအနှီးများများသုံးရပါမယ်။
ဒီနေရာမှာ ဘယ်လောက်သုံးမှာလဲဆိုတဲ့ မေးခွန်းက အရေးတကြီးဖြစ်လာပါပြီ။ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးကို ဘယ်လောက်ဦးစားပေးမှာလဲ..၊ ကျောက်မီးသွေးသုံးမှာလား..၊ ရေအားလျှပ်စစ်လား..၊ လူအများကြား နာမည်ပျက်နေပေမယ့် တကယ်တမ်းမှာ အထိအခိုက် အဆုံးအရှုံး အသက်သာဆုံးဖြစ်မယ့် အဏုမြူလား၊ အခုချိန်ထိ တွင်တွင်ကျယ်ကျယ် ထိထိရောက်ရောက် မသုံးနိုင်သေးတဲ့ နေရောင်ခြည်တွေ၊ လေရဟတ်တွေလား..၊
နောက်ထပ် အရေးကြီးတဲ့ မေးခွန်းတစ်ခုက ဘယ်သူ့အတွက် ထုတ်လုပ်မှာလဲ..၊ ဝင်ငွေခွဲဝေဖြန့်ဖြူးပုံတွေက မတူညီ၊ ဝင်ငွေ အနိမ့်အမြင့် ကွာခြားမှုတွေ ရှိနေလေတော့ အစိုးရက အခွန်ကောက်တာပဲဖြစ်ဖြစ်၊ လူမှုဖူလုံရေးလုပ်တာပဲ ဖြစ်ဖြစ်၊ အုပ်စုအမျိုးမျိုးပေါ်မှာ အကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။ သူတို့စံငွေသုံးစွဲနိုင်မှုအပေါ် ဂယက်ရိုက်ခတ်မှုရှိပါတယ်။ ဒီလိုပါပဲ အများပြည်သူ သုံးဖို့ ကုန်စည်နှင့် ဝန်ဆောင်မှုတွေ ထုတ်လုပ်ရာမှာ အကျိုးရှိတဲ့ အုပ်စုတွေရှိသလို၊ အကျိုးမဲ့သွားတဲ့ အုပ်စုတွေလဲရှိနိုင်ပါတယ်။ ဥပမာ ထုတ်ကုန်တစ်ခုကို ပြည်သူပိုင်ကဏ္ဍက ထုတ်လုပ်လိုက်တဲ့အတွက် စားသုံးသူတွေ ဈေး သက်သက်သာသာနဲ့ အသုံးပြုနိုင်ပေမယ့် အဲဒီကုန်စည်ကို မူလက လက်ဝါးကြီးအုပ်ပြီး ထုတ်လုပ်ရောင်းချနေသူတွေအတွက်တော့ ထိခိုက်ဆုံးရှုံးမှုရှိနိုင်ပါတယ်။
ကျန်တဲ့မေးခွန်းတစ်ခုက ဘယ်လို ရွေးချယ်ဆုံးဖြတ်ကြမှာလဲ..၊ ပြည်သူပိုင်လုပ်ငန်းတွေမှာ စုပေါင်းပြီးဆုံးဖြတ်ကြ၊ ရွေးချယ်ကြတယ်။ တစ်နည်းပြောရရင် လူ့အဖွဲ့အစည်းက ဆုံးဖြတ်တယ်။ ဥပမာ တရားဥပဒေရဲ့ပုံစံတွေ၊ စစ်ရေး အသုံးစရိတ်တွေ၊ အများပြည်သူသုံး အသုံးအဆောင်တွေနဲ့ ပတ်သက်ํ စုပေါင်းပြီး ဆုံးဖြတ်ချက်ချတယ်။ လူတစ်ဦးချင်းရဲ့ စားသုံးမှုနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်၊ စီးပွားရေး လုပ်ငန်းတွေက ထုတ်လုပ်မှုနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် စားသုံးသူတွေ လိုအပ်တဲ့ပစည်းတွေကို စီးပွားရေးလုပ်ငန်းတွေက သေချာပေါက် ထုတ်လုပ်ပေးဖို့ ဈေးကွက် ယနရားက အလုပ်လုပ်ရာမှာဖြစ်ဖြစ်၊ ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်တွေဟာ အတော်လေး ခက်ခဲ ရှုပ်ထွေးပါတယ်။
စုပေါင်းပြီး ဆုံးဖြတ်ချက်ချတယ်ဆိုတဲ့ အခါကျတော့ ပိုပြီး ခက်ခဲပါတယ်။ ရှုပ်လဲရှုပ်ထွေးတယ်။ ဖြစ်သင့်ဖြစ်ထိုက်တာ၊ သဘောတူသင့် တူထိုက်တာတွေကိုတောင်မှ၊ သဘောမတူတာတွေ၊ သဘောမတူ သူတွေရှိနေတာကို။ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်း၊ ဦးစားပေးပုံချင်း၊ တန်ဖိုးထားပုံတွေချင်း ကလည်း မတူကြဘူး။ ဒါပေမဲ့ အများပြည်သူသုံး ကုန်စည်တွေနဲ့ ပတ်သက်လာရင် စုပေါင်းပြီး ဆုံးဖြတ်ကြရပါတယ်။ တကယ်တော့ မိသားစု တစ်စုတည်းမှာတောင် သားကတစ်မျိုး၊ အဖေကတစ်မျိုး၊ ဇနီးနဲ့ သမီးကတစ်မျိုး ဖြစ်တတ်လေတော့ စုပေါင်းဆုံးဖြတ်ဖို့ဆိုတာ သိပ်လွယ်လှတာမဟုတ်ဘူး။
ဒီနေရာမှာ တစ်ယောက်နဲ့ တစ်ယောက်အမြင်ချင်း ရှုထောင့်ချင်း ကွာခြားတတ်တယ်ဆိုတာ သတိပြုမိဖို့လိုပါတယ်။
အထူးသဖြင့် ငါနဲ့မတူ၊ ငါ့ရန်သူ သဘောထားတတ်ကြ၊ ကိုယ့်ဘက်မပါရင် သူ့ဘက်လို့မြင်တတ်၊ ဘယ်ဘက်မှမလိုက်တဲ့သူကို နှစ်ဖက်စလုံးက ရန်သူအဖြစ် သတ်မှတ်ခံရတဲ့လူ့အဖွဲ့အစည်းမျိုးမှာ ပိုပြီးအရေးကြီးပါတယ်။
ဒီမိုကရေစီဆန်တဲ့ လူ့အဖွဲ့အစည်းမှာတော့ အများနဲ့ ဆိုင်တဲ့ ရွေးချယ်မှု၊ ဆုံးဖြတ်မှုတွေ လုပ်ကို လုပ်ရပါမယ်။
ပြီးတော့ ''အများပြည်သူရဲ့ အကျိုးစီးပွားအတွက် လုပ်နေတာ၊ လူ့အဖွဲ့အစည်းကောင်းဖို့၊ အများကောင်းဖို့လုပ်နေတာ''ဆိုတဲ့ အသုံးအနှုန်းများကို သတိထား ရှောင်ရှားဖို့လိုပါတယ်။ ကိုယ်လုပ်တာမှ အများအကျိုး၊ သူလုပ်တာက အများအကျိုးမဟုတ်ဘူးလို့ ဝါးလုံးရှည်နဲ့ သိမ်းပြီးရမ်းလို့ မဖြစ်ပါဘူး။ ကိုယ်ပြောချင်တဲ့ အများပြည်သူနဲ့ သူပြောတဲ့ အများပြည်သူဆိုတာ တူချင်မှ တူပါလိမ့်မယ်။ မူဝါဒတွေ မတူတဲ့အခါ၊ အကျိုးရှိတဲ့အုပ်စု၊ အကျိုးမရှိတဲ့အုပ်စုတွေရှိမယ်။ နည်းနည်းအကျိုးရှိတဲ့သူ၊ များများ အကျိုးရှိတဲ့သူရှိမယ်။ မူဝါဒတစ်ခုချလိုက်ရင် ဘယ်သူ့အတွက်အကျိုးရှိမယ်၊ ဘယ်သူတွေ အကျိုးယုတ်မယ် ဆိုတာ သေသေချာချာ စဉ်းစားဖို့လိုပါတယ်။
သာဓကတစ်ခုပြောရရင် မြေလမ်းတစ်ခုကို ကတရာလမ်းအဖြစ် ပြောင်းလိုက်တော့ ယေဘုယျအားဖြင့် အားလုံးအကျိုးရှိတယ်လို့ထင်ရပေမယ့် လမ်းလျှောက်တဲ့သူတွေအတွက် အဆင်မပြေပါဘူး။ လမ်းလျှောက်သူတွေ၊ လမ်းလျှောက်သူတွေလို ဈေးရောင်းပြီး စီးပွားရှာရတဲ့သူတွေ အတွက် အဆင်မပြေပါဘူး။
ဒီတော့ အစိုးရက ဘာလုပ်မှာလဲ၊ ဘာလုပ်နေလဲ၊ ဒီအတွက် ဘာတွေပြင်လာမလဲ၊ တခြား ရွေးချယ်စရာနည်းလမ်းတွေရော ရှိသလား၊ အစိုးရကအခုလို ဘာလို့ ဆုံးဖြတ်ရသလဲ၊ ဘယ်လို နိုင်ငံရေး အင်အားစုတွေကြောင့် ဆုံးဖြတ်ရသလဲဆိုတာ အဆင့်ဆင့် စိစစ်သုံးသပ်ဖို့ လိုလာပါတယ်။
တစ်ဆင့် ကူးယူဖော်ပြခြင်း ဖြစ်ပါသည်........
No comments:
Post a Comment