Wednesday, February 15, 2012

Scholorships University of Nottingham မှ ပေးအပ်မည့် ပညာသင်ဆုများ





University of Nottingham မှ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ကျောင်းဖွင့်ချိန်အတွက် မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာ ကျောင်းသားကျောင်းသူများအတွက် ပညာသင်ဆုများ ပေးအပ်သွားမည်ဖြစ်သည်။

အဆိုပါပညာသင်ဆုများတွင် Undergraduate Scholarship, ASEAN Masters Scholarships, General Scholarships စသည်ဖြင့် အသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။ Vice Chancellor's Scholarships for Research Excellence အစီအစဉ်အရ Nottingham တက္ကသိုလ်မှ PhD/Mphill ဘွဲ့အတွက် မည်သည့်ဘာသာရပ်ကိုမဆို တက်ရောက်လိုသော နိုင်ငံတကာ ကျောင်းသူကျောင်းသားပေါင်း (၄၀) ဦးအား 3
years full scholarship ပေးမည့်အစီအစဉ်လည်းရှိကြောင်း သိရသည်။ ပညာသင်ဆု လျှောက်ထားလိုသူများနှင့် စိတ်ဝင်စားသူများသည် September intake 2012 အတွက် စတင်လျှောက်ထားနိုင်ပြီး ၂၀၁၂ ခုနှစ်၊ ဇွန်လ ၈ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်သည်။ University of Nottingham သည် ဗြိတိန်နိုင်ငံ၏ Universities များကြားတွင် တန်းမြင့်တက္ကသိုလ်တစ်ခုအဖြစ် ကိုက်ညီမှုရှိသော အဆင့်တစ်နေရာတွင် တာဝန်ယူထားသည်။ Russel Group ၏အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး နိုင်ငံတကာအသိအမှတ်ပြု သုတေသနပြုခြင်းတွင် နာမည်ကျော်ဇောကာ ဂုဏ်သတင်းမွှေးလျက်ရှိသည်။ University of Nottingham သည် UK နိုင်ငံတက္ကသိုလ်များ၏ Top 10 Universities စာရင်းဝင်တစ်ခုဖြစ်ပြီး The Shanghai Jiao Tong (SJTU) နှင့် Time Higher Education (THE) စသော World University Ranking တို့၏ကမ္ဘာ့ Top 100 Universities တွင်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။ University of Nottingham သည် UK နိုင်ငံတွင် ၁၉၄၈ ခုနှစ်မှစတင်၍ တည်ထောင်ခဲ့သည်။ နိုင်ငံပေါင်း ၁၄၀ ကျော်မှ ကျောင်းသားကျောင်းသူပေါင်း ၃၀၀၀၀ ကျော်ပညာသင်ကြားလျက်ရှိသည်။ ကျောင်းသားကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရန်အတွက် နေထိုင်ရေးများစီစဉ်ပေးသည်။ စာပေများ လွယ်ကူစွာလေ့လာနိုင်ရန် University Campus အတွင်းတွင် ခေတ်မီသင်ထောက်ကူပစ္စည်းများနှင့် စာကြည့်တိုက်များရှိပြီး အားကစား Club များလည်းရှိသည်။

ASEAN Masters Scholarships
University of Nottingham မှ Master Program, September Intake 2012 အတွက် အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှ ကျောင်းသားကျောင်းသူပေါင်း ၁၀ ဦးကို ပညာသင်ထောက်ပံ့ကြေးအဖြစ် ကျောင်းလခ၏ ၂၅ ရာခိုင်နှုန်းကို ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။ MBA မှလွဲ၍ မည်သည့်ဘာသာရပ်ကိုမဆို M-Research နှင့် Master တို့အတွက် လျှောက်ထားနိုင်သည်။ MBBS ဘွဲ့ရများအတွက်လည်း အောက်ပါဘာသာရပ်များကို လျှောက်ထားနိုင်သည်။

MSc Course offered at the University of Nottingham:
- MSc in Applied Epidemiology
- MSc in Assisted Reproduction Technology
- MSc in Cancer Immunology and Biotechnology
- MSc in Clinical Microbiology
- MSc in Immunology and Allergy
- MSc in Intergrated Physiology in Health and Disease
- MSc in Medical Education
- MSc in Mental Health Studies
- MSc in Molecular Diagnostics
- MSc in Molecular Medical Microbiology
- MSc in Oncology
- MSc in Public Health
- MPH in Public Health
- MPH in Public Health (International Health)
- MSc in Rehabilitation
- MSc in Sports and Exercise Medicine
- MSc in Stem Cell Technology
- MSc in Translational Neuroimagine

Bachelor of Engineering ဘွဲ့ရများအတွက် MSc in Bioengineering, Chemical Engineering, Environmental Engineering, Mechanical Engineering,  Electrical Engineering, Petroleum and Environmental Porcess Engineering စသည့် ဘာသာရပ်များကိုလည်းကောင်း၊ Bachelor of Computer Science ဘွဲ့ရများအတွက် MSc in Information Technology နှင့် MSc in Management of Information Technology ကိုလည်းကောင်း လျှောက်ထားနိုင်သည်။

General Scholarships
The University of Nottingham UK, Malaysia နှင့် China နိုင်ငံများတွင် တက်ရောက်နေသောကျောင်းသားများ၏ မိသားစုဝင်များအား ကျောင်းလခ၏ ၁၀ ရာခိုင်နှုန်းကို ပေးအပ်ချီးမြှင့်မည်။

ပညာသင်ဆုလျှောက်ရန်လိုအပ်ချက်များ
Undergraduate Level အတွက် အသိအမှတ်ပြုထားသောသက်ဆိုင်ရာ Foundation Course အောင်မြင်ထားသူ၊ GCE 'A' Level  (သို့မဟုတ်) IB Program အောင်မြင်ထားသူ၊ IELTS 6.0 (no less than 5.5 individual) (သို့) IELTS 6.5 နှင့် TOEFL iBT 87 ရရှိထားသူများ လျှောက်ထားနိုင်သည်။ Master Program များအတွက်လည်း UK Qualification နှင့်ညီမျှသော ဒီဂရီတစ်ခုရရှိထားပြီး IELTS 6.5 သို့ 7.0 ရရှိထားသူများ လျှောက်ထားနိုင်သည်။

အလုပ်အကိုင်အခွင့်အလမ်းများ
University of Nottingham မှဘွဲ့ရရှိပြီးသော ကျောင်းသားကျောင်းသူများသည် UK နိုင်ငံရှိ ကမ္ဘာ့ထိပ်တန်း Company ကြီးများဖြစ်သော British Nuclear Group, Control Techniques Ltd, DESG, John G Peck Ltd, Lintott Control Systems, Matchtech Group plc, Metronet Rail, Royal Navy, Royal Marines, Siemens, Spirent Enterprises Ltd, Royal Airforce, BAE Systems, National Grid UK, Texas Instruments စသည့် ကုမ္ပဏီကြီးများတွင် နှစ်စဉ်ဝင်ရောက်လုပ်ကိုင်နေကြသည်။

ပညာသင်ဆုများအကြောင်း လေ့လာနိုင်မည့်ဝက်ဘ်ဆိုက် www.nottingham.ac.uk
www.nottingham.ac.uk သည် University of Nottingham မှ တရားဝင်လွှင့်တင်ထားသည့် ၀က်ဘ်ဆိုက်တစ်ခုဖြစ်သည်။ အဆိုပါဝက်ဘ်ဆိုက်တွင် University of Nottingham နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ နောက်ဆုံးရသတင်းအချက်အလက်များနှင့် University of Nottingham အကြောင်း အသေးစိတ်အချက်အလက်များကို လေ့လာနိုင်မည်ဖြစ်သည်။ ၀က်ဘ်ဆိုက်တွင် University of
Nottingham မှ နိုင်ငံတကာ ကျောင်းသားကျောင်းသူများအတွက်ပေးအပ်မည့် ပညာသင်ဆုများနှင့်ပတ်သက်၍လည်း ဖော်ပြထားရှိသည်။ ပညာသင်ဆုများနှင့်ပတ်သက်၍ http://www.nottingham.ac.uk/internationalstudents/scholarshipsfeesfinance/scholarships/index.aspx တွင် လေ့လာနိုင်မည်ဖြစ်သည်။

ပညာသင်ဆုများအကြောင်း စုံစမ်းရန်လိပ်စာ
Regent Consultancy Services Co.,Ltdအမှတ် B (13+23) ၊ ရွှေကိန္နရီ အဆင့်မြင့်အိမ်ရာ၊ နာနတ်တောလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၅၀၀ ၉၅၂၊ ၅၀၀ ၀၅၄၊ ၇၂၆ ၈၂၆၊၀၉-၅၀၁ ၉၈၇၀ Email: office@regent-myanmar.com

                                                                             ဂျာနယ် မှ ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်.....

No comments:

Post a Comment