မြန်မာနိုင်ငံတွင်ပထမဦးဆုံးအကြိမ်အမျိုးသမီးများအတွက်သီးသန့် ယာဉ်လိုင်းများကိုပါရမီမှပြေးဆွဲပေးသွားမယ်ဖြစ်ကြောင်းသိရသည်။
အဆိုပါယာဉ်လိုင်းများအား
အမျိုးသမီးသီးသန့်အတွက်ပြေးဆွဲပေးနေသည့်ယာဉ်လိုင်းများတွင်
အဓိပတိ(အနီ)၊(အ၀ါ)၊(အပြာ)၊ပါရမီ ၁၇၆နှင့် ပါရမီ ၁၇၇တို့ မှ
နံနက် ၇ နာ၇ီခွဲမှ ၁၀ နာရီအထိတစ်ကြိမ်၊ညနေ ၄ နာရီမှ ည ၇
နာရီအထိတစ်ကြိမ်ပြေးဆွဲပေးလျက်ရှိကြောင်းသိရသည်။"တလောတုံးကဂျာနယ်တစ်စောင်မှာဖတ်လိုက်ရတယ်။အမျိုးသားတွေကြောင့်ကားစီးရတာလုံခြုံမှု
့မရှိဘူး။ အရှက်သိက္ခာထိခိုက်စေတဲ့အဖြစ်တွေကြုံနေရတယ်။အမျိုးသမီးသီးသန်
့ယာဉ်တွေ ပေါ်ထွက်လာရင်ကောင်းမယ်" ဆိုတဲ့သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ်။
မြန်မာနိုင်ငံ၏ပထမဦးဆုံးသောအမျိုးသမီးသီးသန့် ယာဉ်လိုင်းအားတွေ့ ရစဉ်
ဗန္ဒုလကုမ္မဏီအနေနဲ့ က ဒီလိုသီးသန်
့ယာဉ်လဲဆွဲပေးနိုင်တဲ့အတွက်ပြေးဆွဲပေးခြင်းဖြစ်ပါတယ်။အဓိက ကတော့ ရုံးတက်၊
ရုံးဆင်းချိန်တွေမှာပဲ ပြေးဆွဲပေးမယ်။
ရုံးပိတ်၇က်တွေမှာတော့မပြေးဆွဲပေးပါဘူး ဟု
ဗန္ဒုလသယ်ယူပို့ဆောင်ရေးကုမ္မဏီလီမိတက်မှ မန်းနေဂျင်းဒါရိုက်တာ
ဗိုမှူးကြီးမျိုးမြင့်ကပြောသည်။ "ပါရမီက
တော့ သီးသန့် ပြေးဆွဲပေးနေပါတယ်။အဓိပတိသုံးလိုင်းရယ် ပါရမီ ၁၇၆၊ ၁၇၇
ရယ်ဆွဲပေးနေပါတယ်။တနေ့ ကိုနှစ်ကြိမ်ပြေးဆွဲပေးသွားမှာပါ။
အစိုးရရုံးဖွင့်ရက်တွေကို
အဓိကပြေးဆွဲပေးသွာမှာပါ။ကျွန်တောတို့ မထသ အနေနဲ့ကတော့စီစဉ်နေပါတယ်" ဟုတ်
မထသ(ဗဟို)စီမံဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။
မြန်မာနိုင်ငံ၏ပထမဦးဆုံးသောအမျိုးသမီးသီးသန့် ယာဉ်လိုင်းအားတွေ့ ရစဉ်
အဆိုပါယာဉ်လိုင်း(၅)လိုင်းမှ၎င်းတို
့၏ယခင်သတ်မှတ်လမ်းကြောင်းအတိုင်းပြေးဆွဲပေးသွားမည်ဖြစ်ပြီးယာဉ်စီးခမှာလည်းကျပ်
၂၀၀ သာသတ်မှတ်ထားကြောင်း
သိရသည်။ " ဒီလိုဆွဲပေးတာကိုကျွန်မမသိခဲ့ဘူ၊ဒီလိုပဲတက်စီးလာတာ
အမျိုးသမီးသီးသန့် ကားဖြစ်နေတယ်။ကားပေါ်တက်လာတဲ့ဈေးသည်ယောက်ျားလေးတွေ
တောင်မှ မောင်းထုတ်တယ်။ဒီလိုလုပ်လိုက်တဲ့အတွက်ကောင်းပါတယ်။သီးသန်
့ဖြစ်သွားတဲ့အတွက် အေးအေးဆေးဆေးစီးချင်တဲ့မိန်းမသားတွေအတွက်အဆင်
ပြေသွားပါတယ် " ဟုအသက် ၂၅ နှစ်ခန့် မသီတာက ဖလားဝါးလ်နယူးဂျာနယ်သို
့ပြောသည်။
ယာဉ်လိုင်းတစ်လိုင်းစီမှ ကား ၂ စီးပြေးဆွဲပေးမည်ဖြစ်ပြီးယာဉ်လိုင်း ၅
လိုင်းမှ ကား ၁၀ စီးနေ့ စဉ်ပြေးဆွဲပေးမည်ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီးမထသအနေဖြင့်လည်းနောက်ပိုင်းတွင်အမျိုးသမီးသီးသန်
့ယာဉ်များအတွက်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းမ် မှ ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်.....
No comments:
Post a Comment