Tuesday, February 7, 2012

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးအား Russian Federation သမ္မတနိုင်ငံ သံအမတ်ကြီး H.E Dr. Mikhail M. MGELAZE လ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ Russian Federation သမ္မတနိုင်ငံ သံအမတ်ကြီး H.E Dr. Mikhail M. MGELAZE သည် ဇန်န၀ါရီ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် Russian Federation သမ္မတနိုင်ငံ သံအမတ်ကြီး H.E Dr. Mikhail M. MGELAZE တို့တွေ့ဆုံနှုတ်ဆက်စဉ်
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး နှင့်အတူ
ဗဟိုအလုပ်အမှုဆောင် များဖြစ်ကြသော သူရဦးအေးမြင့်၊ ဒေါက်တာချမ်းငြိမ်း၊ ဦးစိုးနိုင် နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး၊ Russian Federation သမ္မတနိုင်ငံ သံအမတ်ကြီး H.E Dr. Mikhail M. MGELAZE နှင့်အတူ First Secretary Mr. Alexey V. Semenikhin လည်း တက်ရောက်သည်။
အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား Russian Federation သမ္မတနိုင်ငံ သံအမတ်ကြီး H.E Dr. Mikhail M. MGELAZE တွေ့ဆုံဆွေးနွေးစဉ်
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ရှရှား နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် United Russia Party တို့ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုအား တိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ပြည်သူများအတွင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်ဆောင်ရွက်ရေးတို့ကို ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။


အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် Russian Federation သမ္မတနိုင်ငံ သံအမတ်ကြီး H.E Dr. Mikhail M. MGELAZE တို့ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးစဉ်

                                                        Myanmar Express မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်...........

No comments:

Post a Comment