
ချစ်ခဲ့ ဘူးတာတွေ
ကြည့် နူးခဲ့ ဘူးတာတွေ
ပျော်ရွှင်ခဲ့ ဘူးတာတွေ
အမှတ်တရပေါင်းများစွားကို
မင်းငါ့ ကိုပေးခဲ့ ဘူးပါတယ်....
အမြဲယုံကြည် ခဲ့ တာ
တို့ နှစ်ယောက်ဝေးမှာမဟုတ်ဘူးလို့ 
ခုများတော့ ဝေးသွားပြီလေ
အရည်ပျော်ကုန်တဲ့  ငါ့ မျက်ရည်တွေ
နှလုံးသားထိစီးဆင်းသွားတယ်
အေးမြခြင်းတော့ မရှိဘူး နော်...
တဖြုတ်ဖြုတ်နဲ့  ငါ့ နှလုံးသားပဲ့ ကြွေသံတွေက
တောင်းပန်နေသလိုပါပဲ
ရင်ခုန်သံတွေကိုအားနာပေမယ့် 
မင်းအပါးကနေ အဝေးဆုံးကို
ငါထွက်ပြေးခဲ့ လိုက်မိပါပြီ
နှုတ်ဆက်ခဲ့ ပါတယ်....
မဖြစ်နိုင်တော့ တဲ့ ဒီဇာတ်လမ်း
ငါတခန်းရပ်ပါရစေတော့ ...
အစကတည်းက မဖြစ်နိုင်မှန်းသိရက်နဲ့ 
ပိုးဖလံလိုမျိုး ဇွတ်တိုးခဲ့ မိတာ ငါ့ အမှားပါ
အချစ်ဆိုတဲ့ မီး ငါ့ အတွက်တော့ 
ပူလောင်မယ်မှန်း သိခဲ့ ပါတယ်
ကျရှုံးခဲ့ တဲ့ နှလုံးသားက
မင်းအပါး ဒူးထောက်ခစားဖို့ 
တိုက်တွန်းခဲ့ လို့ ပါ
ခုတော့ ... အားလုံးကို ပြည်ဖုံးကာချ
ငါ... မေ့ ပစ်ရတော့ မယ်လေ....။
No comments:
Post a Comment