Wednesday, February 8, 2012

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီတို့ တွေ့ဆုံဆွေးနွေးပြီး သဘောတူလက်မှတ်ရေးထိုး



From : ခေတ်လူငယ်
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း၊ ဒုတိယအဖွဲ့ခေါင်းဆောင် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များကြီးကြပ်၍ ကရင်ပြည်နယ် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ ဦးစောဌေးမောင်(ခ) ဦးထိန်မောင် ဦးဆောင်သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့သည် ဖေဖော်ဝါရီ ၇ ရက် နံနက် ၉ နာရီတွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပြီး နှစ်ဦးနှစ်ဖက် သဘောတူညီချက် (၇)ချက်ကို လက်မှတ်ရေးထိုးခဲ့ကြကာ အပြန်အလှန် လဲလှယ်ကြသည်။ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော် သမ္မတက ပေးအပ်သော ငြိမ်းချမ်းရေးလက်ဆောင်အဖြစ် ဆန်အိတ် ၅၀၀ ကိုလည်းကောင်း၊ SkyNet ရုပ်သံဖမ်းစက်အစုံ ၂၀ ကိုလည်းကောင်း၊ အမှတ်တရ လက်ဆောင်များကိုလည်းကောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း၊ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များက ပေးအပ်ကြရာ KNU/KNLA ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ ဦးစောဌေးမောင်နှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့ထုတ် မြ၀တီ သတင်းစာတွင် ဖော်ပြထားပါသည်။
                                                              Myanmar Express မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်.....

No comments:

Post a Comment