Wednesday, February 8, 2012

မင်းပညာဒါန အိုင်တီအခမဲ့ပညာဒါနသင်တန်းများ ဖေဖော်ဝါရီတွင်ဖွင့်လှစ်မည်


Wednesday, 08 February 2012 17:45
မင်းပညာဒါန (IT Square Group) မှ ကွန်ပျူတာသင်တန်းအမှတ်စဉ် (၃၇) ကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ သင်တန်းများတွင် ကွန်ပျူတာပညာရပ်ပိုင်းအဖြစ်
ကွန်ပျူတာအခြေခံသင်တန်း (Windows Basic) ၊ ကွန်ပျူတာ Hardware (A+) ၊ Networking၊ Graphic
Design၊ Layout Design (Indesign)၊ Professional Web Development၊ Desktop Publishing Course ၊ ကွန်ပျူတာစာရင်းကိုင်သင်တန်း၊ အင်တာနက်အသုံးပြုနည်းသင်တန်းများ ပါဝင်မည်ဖြစ်သည်။ အဆိုပါ အတန်းအမှတ်စဉ် (၃၇) အတွက် ဖေဖော်ဝါရီ ၁၁ ရက်နှင့် ၁၂ ရက်များတွင် ကျောင်းအပ်စတင်လက်ခံမည်ဖြစ်ပြီး သင်တန်းတက်ရန် စိတ်ပါဝင်စားသူများသည် ဓာတ်ပုံ ၁ ပုံ၊ မှတ်ပုံတင်မိတ္တူ၊ သင်တန်းလျှောက်လွှာတို့နှင့်အတူ ကျောင်းအပ်ရမည်ဖြစ်သည်။ သင်တန်းကို www.minitsg.com တွင်မှတ်ပုံတင်၍ဖြစ်စေ၊ itsgmin@gmail.com သို့ပေးပို့၍ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ကြိုတင်မှတ်ပုံတင်ထားနိုင်ကြောင်းလည်း သိရသည်။ သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်း-၀၉-၅၁၇ ၆၃၆၇၊ ၀၉-၄၃၂၀ ၂၈၅၁၊ ၀၉-၄၃၀၇ ၁၃၁၄၊ ၀၉-၇၃၀၄ ၉၉၆၇ တို့သို့ ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။

ရေးသားသူ - စိုးမြင့်ထွန်း

                                                                                တစ်ဆင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်......

No comments:

Post a Comment