Wednesday, February 8, 2012

Fundamental of Human Resources Management သင်တန်းဖွင့်လှစ်မည်



Wednesday, 08 February 2012 19:37
HR ဘာသာရပ်ဖြစ်သော Fundamental of Human Resources Management သင်တန်းကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလလယ်ပိုင်းတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း Career Pass Job Training Centre မှသိရသည်။
Human Resource ပညာရပ်မှာလုပ်ငန်းတစ်ခု ရေရှည်အောင်မြင်နိုင်ရန်အတွက် အရေးပါအရာရောက်သော
ကဏ္ဍတစ်ခုမှပါဝင်နေပြီး Human Resource Xmet နေဖြင့် မိမိကုမ္ပဏီမှ လိုအပ်သော ၀န်ထမ်းကောင်းများကို ရွေးချယ်ခန့်ထားခြင်း၊ ကုမ္ပဏီဝန်ထမ်းတိုင်း၏ အရည်အသွေးတိုးတက်လာအောင် ဖြည့်ဆည်းခြင်း၊ အဖွဲ့အစည်း၏ Goal ကိုရောက်ရှိရန်အတွက် ၀န်ထမ်းများ၏စွမ်းဆောင်ရည်ကို ကိုင်တွယ်လုပ်ဆောင်ခြင်းစသည့်တို့ကို သင်ကြားရသော ဘာသာရပ်ဖြစ်သည့်အတွက် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုသဘောတရားကို ကောင်းမွန်စွာသိရှိနားလည်နိုင်မည်ဖြစ်သည်။ သင်တန်းကို တက္ကသိုလ်မှ ၀ါရင့်ဆရာမကြီးကိုယ်တိုင်ကြီးကြပ်၍ သင်ခန်းစာများကို လက်တွေ့ ပြဿနာများဖြင့် စာတွေ့လက်တွေ့ Case Study များ၊ Group of Structure များဖြင့်တွဲဖက်ကာ စနစ်တကျသင်ကြားရမည်ဖြစ်ပြီး သင်တန်းချိန်များကို ရုံးချိန်ပြင်ပ တန်းခွဲများအနေဖြင့် စီစဉ်ပေးထားကြောင်းသိရသည်။ Career Pass Job Training Centre ဖုန်း- ၅၂၃ ၉၃၁~၃၄ (ext: ၂၁၁၃) ၊ ၀၉-၇၃၂၄ ၂၄၀၄ သို့ ကြိုတင်စာရင်းပေးသွင်း အပ်နှံနိုင်မည်ဖြစ်သည်။

ရေးသားသူ - သူရ

                                                                               တစ်ဆင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်.......

No comments:

Post a Comment