From : MRTV-4
မြန်မာနဲ့ထိုင်း နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ဆောင် ရွက်နိုင်ရေး အတွက် မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်း ရှင်များနဲ့ ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၄၃ဦး ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တို့ဟာ ယနေ့မနက်ပိုင်း က ရန်ကုန်မြို့ UMFCCI မှာ တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြပါတယ်။

ဒီလို တွေ့ဆုံဆွေးနွေးကြတာဟာ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုနဲ့ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ဖို့ အတွက် တွေ့ဆုံကြခြင်းဖြစ်ပါတယ်။ ဒီလိုဆောင် ရွက်ခြင်းဖြင့် နှစ်နိုင်ငံကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ လုပ်ငန်းများ ပိုမိုတိုးတက်လာ မှာဖြစ်သလို နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများလည်း ပိုမိုပွင့်လန်းလာ မှာဖြစ်တယ်လို့ အဆိုပါဆွေးနွေးပွဲမှ တာဝန်ရှိသူတစ်ဦး
ရဲ့ပြောကြားချက်အရ သိရပါတယ်။
အဲဒီလိုဆောင်ရွက်ရာမှာတော့ မြန်မာနိုင်ငံဘက်မှ အာမခံ လုပ်ငန်း၊ ကျောက်မျက်ရတနာ လုပ်ငန်း၊ဆောက်လုပ်ရေး လုပ်ငန်း၊ ဆက်သွယ်ရေးအစရှိတဲ့ လုပ်ငန်းရှင်များအပြင် သယ်ယူပို့ဆောင် ရေးလုပ်ငန်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်လုပ်ငန်းများမှ လုပ်ငန်းရှင်များပါ တက်ရောက် ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် စီးပွားရေး ကဏ္ဍအလိုက် စက်မှုလုပ်ငန်း၊ စွမ်းအင်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းများ၊ ဆောက်လုပ်ရေးနှင့် ထုတ်ကုန်ပစ္စည်း လုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်း ဆိုပြီး အုပ်စု ၄စုခွဲကာ သက်ဆိုင်ရာ စီးပွားရေး ကဏ္ဍအလိုက် ဆွေးနွေးမှု များ ဆောင်ရွက်ခဲ့ကြ တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရဲ့ ၂၆.၅၃ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ဒုတိယ အများဆုံးနေရာမှာ ရပ်တည်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။
တစ်ဆင့် ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်.....
No comments:
Post a Comment