From : Popular
မီးသတ်စခန်းများအချင်းချင်း
အင်တာနက်စနစ်ဖြင့် ဆက်သွယ်မည့် Command and Control Center များကို
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၂ မြို့နယ် တွင် လာမည့်နှစ်
ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
မီးသတ်ဦးစီးဌာနမှ သိရသည်။
”မီးလောင်မှုတွေကို မီးသတ်ယာဉ်များ သွားရောက်ငြှိမ်းသတ်ရာမှာ တိုက်တာ၊ အထပ်အမြင့်၊ ရပ်ကွက်အနေအထား၊လမ်းပုံစံတွေကို အချက်အလက်မှန်မှန်ကန်ကန် မြေပုံ နဲ့လမ်းညွှန်နိုင်မှာပါ”ဟု မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူက အထက် ပါစနစ်ဖြင့်ချိတ်ဆက်ဆောင်ရွက်နိုင် မှုအခြေအနေကို
ရှင်းပြသည်။
အထက်ပါ Command and Control Center များသည် တစ် နေရာနှင့်တစ်နေရာအင်တာနက် စနစ်ဖြင့် ချိတ်ဆက်ထားပြီး မြေပုံ ဖြင့် လမ်းညွှန်နိုင်သည့် တိကျသော အချက်အလက်များအား Suntac ကုမ္ပဏီမှ ဆော့ဖ်ဝဲရေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။
”မြန်မာနိုင်ငံမှာ တစ်နှစ်ကို မီးလောင်မှု ၁၅ဝ နီးပါးလောက် ဖြစ်တယ်။ တခြားနိုင်ငံဆို ဒီ့ထက် ၆ ဆလောက် ပိုဖြစ်တယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက် မှုနဲ့ဆိုင်တယ်”ဟု တာဝန်ရှိ သူက ဆိုသည်။
ယခုအခါ မီးသတ်ကားများတွင် GPS စနစ်သဘောပါဝင်သည့် စနစ် များ၊ TTMA နှင့် CDMA စနစ်များ တပ်ဆင်ထားပြီး သက်ဆိုင်ရာများ ၏ အကူအညီဖြင့် လမ်းပိတ်ဆို့ သောနေရာများ၊ ကားဝင်ရန်ခက် သော နေရာများအား ရှင်းလင်းပေး ရန် ညှိနှိုင်းထားကြောင်း သိရသည်။
”မီးဘေးအန္တရာယ် ကာကွယ်မှုတွေလုပ်နေပေမယ့် မီးလောင်မှုက များနေတယ်။ Command and Control Center တွေ လုပ်ပြီး သွားရင်တော့ အရင်က ထက် ပိုမြန်သွားမယ်။ မီးသတ်ရုံးတစ်ခုနဲ့တစ်ခု ချိတ်ဆက်ပေးထားတော့ ပိုကောင်းတယ်”ဟု အရှေ့ပိုင်းခရိုင် မီးသတ် စခန်းမှ တာဝန်ရှိသူက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ မြို့နယ်မီးသတ်စခန်း ၃၂ ခုမှာ တောင်ပိုင်းခရိုင်တွင် ၉ ခု၊ မြောက် ပိုင်းခရိုင်တွင် ၁၁ ခု၊ အရှေ့ပိုင်းခရိုင် တွင် ၁၅ ခု၊ အနောက်ပိုင်းခရိုင် တွင် ၇ ခုရှိပြီး မီးသတ်ကားအစီးရေ ၈၃ စီးခန့်ရှိကြောင်း၊ မီးသတ်တပ်ဖွဲ့ ဝင်အင်အား ၄၅၆ ဦးနှင့် အရန်မီး သတ်တပ်ဖွဲ့ဝင်အင်အား ၂၈၂၈၂ ဦးရှိကြောင်း ထပ်မံသိရသည်။
တစ်ဆင့် ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်....

No comments:
Post a Comment