From : MRTV-4
အလုပ်သမားအဖွဲ့အစည်း ဥပဒေ ထွက်ရှိထားပေမယ့် လက်ရှိအချိန်မှာ အသုံးပြုခွင့်မရှိသေးပဲ လာမယ့် မေလ ၁ရက်နေ့၊ မေဒေးနေ့ထက် နောက်မကျဘဲ ဥပဒေအာဏာ တည်ကာ အသုံးပြုခွင့် ရရှိပြီး အလုပ်သမား အဖွဲ့အစည်းတွေကို အဆင့်အလိုက် ဖွဲ့စည်းနိုင်တော့မယ်လို့ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

လက်ရှိမှာ အလုပ်သမားအဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့် မရသေးတာဟာ ဥပဒေသာ ထွက်ရှိထားပြီး နည်းဥပဒေ
မထွက်ရှိသေး တာကြောင့် ဖြစ်ပါတယ်။ အခုအခါ နည်းဥပဒေကိုရေး ဆွဲပြီး ရှေ့နေချုပ်ရုံးကို တင်ပြထားတာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ရှေ့နေချုပ်ရုံးက ခွင့်ပြုချက်ကျပြီးတာနဲ့ နိုင်ငံတော် သမ္မတရုံးကို တင်ပြမှာဖြစ်ပြီး မကြာမီကာလ အတွင်းမှာ နိုင်ငံေ တ်ာသမ္မတမှ အတည်ပြု လက်မှတ်ရေးထိုးကာ အာဏာ တည်ကြောင်းကို မေလ ၁ရက်နေ့ မတိုင်မီမှာပဲ ထွက်ရှိလာနိုင် တယ်လို့ သိရပါတယ်။
ဒီလို နည်းဥပဒေထွက်ရှိကာ အလုပ်သမားအဖွဲ့အစည်း ဥပဒေစတင် အာဏာတည်လာတဲ့ နေ့မှာပဲ အလုပ်သမားအဖွဲ့အစည်းတွေ မှတ်ပုံတင်ဖွဲ့စည်းနိုင်ဖို့အတွက် မှတ်ပုံတင် အရာရှိချုပ်ကို နိုင်ငံတော်သမ္မတမှ ခန့်အပ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
တစ်ဆင့် ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်......
No comments:
Post a Comment