Friday, February 10, 2012

ခေတ်မီဆန်စက်နှင့် သိုလှောင်ရုံများ ဖွင့်မည်

စုလှိုင်ထွန်း

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၌လာ မည့်နှစ်တွင် ခေတ်မီဆန်ကြိတ်စက်ကြီးနှင့် ကုန်ကြမ်းဝယ်ယူကာ သိုလှောင်မည့် ဆန်ဂိုဒေါင် များဆောက်လုပ်၍ ဆန်များ ၀ယ်ယူသွားမည်ဟု မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းအသင်း၏ အတွင်းရေးမှူး ကိုရဲမင်းအောင်က ပြောသည်။
"အခု မြေနေရာရှာနေပါပြီ။ စက်ပစ္စည်းတွေလည်း မှာထားပါတယ်။ လာ မယ့်နှစ်လောက်မှပဲဖြစ်ပါမယ်။ စက်ကြီးတွေရဲ့ တစ်နေ့ကြိတ် နှုန်းကကို တန် ၁၀၀ ရှိပါတယ်။ ဒီအတွက်လည်း စပါး များများထွက်မှ ဖြစ်မှာပါ။ ပို့ကုန်ရမယ့် မျိုးကောင်းမျိုးသန့်တွေ စိုက်ဖို့လိုပါ တယ်။ ပုလဲသွယ်စပ်မျိုးစပါးဆို ကောင်း မွန်တဲ့ စိုက်ပျိုးရေးကျင့်စဉ် (GAP) အတိုင်းစိုက်သွားမယ်ဆို
တစ်ဧကတင်း ၂၀၀ ကျော်ထွက် နိုင်ပါတယ်" ဟု ကိုရဲမင်းအောင်က အလျင်လိုကျေးရွာ တွင်း ကျင်းပသည့် တောင်သူများသို့ ဧရာဟင်္သာဆန်စပါး အထူးပြုကုမ္ပဏီ လီမိတက်မှ ကြိုတင်ငွေပေးအပ်ပွဲတွင် ပြောသည်။
အဆိုပါဆန်ကြိတ်စက်ကြီးနှင့်အတူ ဆန်ဂိုဒေါင်ကိုလည်း ပူးတွဲထားရှိကာ နေပြည်တော်မှ ထွက်ရှိသည့် စပါးများကို ပြည်တွင်း ပြည်ပရောင်းနိုင်သည့် အနေ အထားရောက်သည်အထိ ဆောင်ရွက်သွားမည်ဟု သိရသည်။
"တခြားသူတွေ လာကြိတ်လည်း လက်ခံပေးသွားမှာပါ။ ကိုယ်တွေကို ရောင်းမယ်ဆို ကုန်ကြမ်းအနေနဲ့ ၀ယ်ယူသွားမှာပါ။ လက်ရှိ အချိန်မှာ ထိုင်း၊ အင် ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ကိုယ်စားလှယ်တွေ လာရောက်ကမ်းလှမ်းတာတွေ ရှိပါတယ်" ဟု ကိုရဲမင်းအောင်က ပြော သည်။ တစ်နေ့လျှင် တန် ၁၀၀ ကြိတ်နိုင်သည့် အဆိုပါဆန်စက်ကြီးကို ဂျပန်နိုင်ငံမှ မှာယူမည်ဟု သိရသည်။
ဆန်တန် ချိန်တစ်တန်လျှင် စပါးတင်း ၈၀ ဖြစ်သည့်အတွက် နေပြည်တော်တွင် မျိုး ကောင်း စပါးစိုက်ဧကများစွာ စိုက်ပျိုးရန် လိုအပ်လာမည်ဖြစ်သည်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်များ ၀င်ရောက်လာသည့် ၂၀၀၅ ခုနှစ် နောက်ပိုင်း နေပြည်တော်ရှိ လယ်ယာ မြေဧကများ လျော့နည်း လာပြီဟု တောင်သူများထံက သိရသည်။
"ဒီလိုစက်ကြီးဖွင့်ပေးမယ်ဆို ကောင်း တာပေါ့။ ဒါပေမယ့် စိုက်ဧကတွေလည်း တဖြည်းဖြည်းနည်းလာပြီ။ နောက်တစ်ခု က ဒီမှာက မနောမျိုးလောက်ပဲအစိုက် များတာမို့ ဘာတွေထပ်လုပ်ကြဦးမယ်ဆိုတာ မသိသေးပါဘူး" ဟု ပျဉ်းမနား မြို့ရှိ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
နေပြည်တော်ကောင်စီနယ်မြေ၌ လက်ရှိစိုက်ပျိုးလျက်ရှိသည့် စပါးမျိုးများမှာ မနောသုခ၊ ဆင်းသွယ်လတ်၊ ဆင်း သုခ၊ သုခမွှေး၊ တောင်ရာနှင့် ရွှေသွယ် ရင်မျိုးတို့တွင် မနောသုခမျိုးမှာစိုက်ပျိုးမှု အများဆုံးဖြစ်သည်။
                                                         မြန်မာတိုင်း(မ်)ဂျာနယ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်........

No comments:

Post a Comment