Friday, February 10, 2012

အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝမ် မြန်မာနိုင်ငံသို့ လာရောက်မည်



အာဆီယံ အတွင်းရေးမှူးချုပ်ဖြစ်သူ ဒေါက်တာဆူရင်ပစ်ဆူဝမ်သည် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ဖိတ်ကြားချက်အရ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ၂၁ ရက်နေ့အထိ နှစ်ရက်အကြာ အထူးလေ့လာရေး အလည်အပတ် ခရီးစဉ်အဖြစ် လာရောက်မည်ဖြစ်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိပါသည်။ ဒေါက်တာဆူရင်ပစ်ဆူဝမ်မှာ မြန်မာနိုင်ငံကို အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် လာမည့် ၂၀၁၄ ခုနှစ်တွင် ခန့်အပ်ခြင်းခံရရန် အတွက် ထောက်ခံ အားပေးခဲ့သူတစ်ဦးလည်း ဖြစ်သည်။ ၎င်း၏ခရီးစဉ်အတွင်း မြန်မာအစိုးရအဖွဲ့ အကြီးအကဲများနှင့် တွေ့ဆုံရန် ရှိပြီး လက်ရှိ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံရေးအခြေအနေ ဖြစ်ပေါ်တိုးတက်မှုများကို လေ့လာသွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ၂၀၁၄ ခုနှစ်၌ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ရယူရန်အတွက် လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာများနှင့် လိုအပ်ချက်များကိုလည်း မြန်မာအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။ ဒေါက်တာဆူရင်ပစ်ဆူဝမ် အနေဖြင့် မြန်မာအစိုးရနှင့် မြန်မာပြည်သူများထံမှ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်သက်ပြီး အစီအမံများ ရေရှည်ရည်မှန်းချက်များကိုလည်း တိုက်ရိုက်ကြားသိ လေ့လာခွင့် ရလိုကြောင်း အထက်ပါ သတင်းထုတ်ပြန်ချက်တွင် ပါရှိပါသည်။ ၎င်းမှာ မြန်မာနိုင်ငံသို့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုဖြစ်စဉ် ဖြစ်ပွားပြီး နောက်ပိုင်း ၂၀၀၈ ခုနှစ်ကလည်း လာရောက်ခဲ့ဖူးကြောင်း သိရှိရပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ၎င်းအား နာဂစ်အလွန် မြန်မာနိုင်ငံ၏ ပြောင်းလဲတည်ဆောက်မှုများကို ကြည့်ရှုလေ့လာရန်အတွက် ဖိတ်ခေါ်ထားကြောင်း
                                                          Myanmar Express မှ ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်........

No comments:

Post a Comment