Thursday, February 23, 2012

ကျပ်နှစ်သိန်းတန်ဖိုးဖြင့် ဂျီအက်စ်အမ်ဖုန်းများ မတ်လ နောက်ဆုံးပတ် စတင်ချပေးမည်ဟုဆို


From : မြန်မာတိုင်းမ်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မတ်လအစောပိုင်းတွင် စတင်ငှားရမ်း ခွင့်ပေးမည်ဟု သတင်းထွက်ပေါ်နေသည့် တန်ဖိုးနည်း ဂျီအက်စ်အမ်မိုဘိုင်း ဖုန်းများကို မတ်လနောက်ဆုံးပတ်တွင်မှ စတင်ချထားပေးသွားမည်ဟု မြန်မာ့ ဆက်သွယ်ရေးမှ တာဝန် ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
ယခုအချိန်တွင် ငှားရမ်းသုံးစွဲခွင့်ပြု မည့်အချိန်မှာ 3Gs စနစ်ဖြစ်ကြောင်း၊ အင်တာနက်စနစ်ပါဝင်ဖွယ်ရှိကြောင်း၊ အင်တာနက်စနစ် အပါအ၀င် Voice စနစ်ပါဝင်ပြီး ကျပ်နှစ်သိန်းဖြစ်ကြောင်း၊ အခြေခံအဆောက်အဦးပိုင်းအရ ပြင်ဆင်မှုများပြုလုပ်နေကြောင်း ၎င်းက ပြောသည်။
MMS (Multi Message Service) စနစ်ကို ပြုလုပ်သွားရန် အစီအစဉ်ရှိ သော်လည်း ယခုငှားရမ်းသွားမည့်စနစ် တွင် ပါဝင်မည် မဟုတ်သေးကြောင်း ၎င်းက ပြောသည်။
ပထမအဆင့်အနေဖြင့် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို အလုံးရေ တစ်သန်းခွဲ ခန့် ငှားရမ်းပေးသွားရန်အစီအစဉ်ရှိ ကြောင်း၊ ရန်ကုန် အတွက် အလုံးရေ တစ်သိန်းခွဲ ငှားရမ်းသုံးစွဲခွင့်ပြုသွား မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
အဆိုပါ ဂျီအက်စ်အမ်ဖုန်းများကို မိုဘိုင်းဖုန်း သန်း ၃၀ တိုးချဲ့ရေး ငါးနှစ် စီမံကိန်း၏ ပထမအဆင့် လိုင်း ငါးသန်း အစီအစဉ်အရ စတင်ချထားပေးခြင်း ဖြစ်သည်ဟု သိရသည်။

No comments:

Post a Comment