
From : ပေါ်ပြူလာထက်ထက်မိုးမြင့်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
ရွှေတိဂုံစေတီတော် နှစ် ၂၆ဝဝ ပြည့် ဗုဒ္ဓပူဇနိယပွဲတော်သို့ သံဃာတော်အပါး ၂၆ဝဝ တို့အား မော်တော်ယာဉ် အစီး ၂၃ဝ ဖြင့် ပင့်ဆောင်ပေးမည်ဖြစ်ကြောင်း မထသ (ရန်ကုန်တိုင်းဒေသကြီး)မှ သိရသည်။ ဗုဒ္ဓါဘိသေက အနေကဇာ တင်ပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲကို ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်၍ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ခရိုင်လေးခုမှ သံဃာတော် အပါး ၂၆ဝဝ ကို ပင့်ဆောင်ခြင်းနှင့် ပြန်လည်ပို့ ဆောင်ခြင်းကို မထသ(ရန်ကုန် တိုင်းဒေသကြီး)မှ တာဝန်ယူ ထား ကြောင်း တာဝန်ရှိသူတစ်ဦးက ပြော သည်။ ဆက်လက်၍ ၄င်းက ”အဲဒီ နေ့က ရုံးပိတ်ရက်လည်းဖြစ်တယ်၊ ခရီးသည်တွေ အခက်အခဲ မဖြစ် ဖို့အတွက် ကျန်တဲ့ ခရိုင်ယာဉ်လိုင်း အသီးသီးနဲ့ ပါရမီက ယာဉ်တွေကို စိပ်စိပ်ကလေး ပြေးဆွဲပေးဖို့မှာကြား ပြီးဖြစ်တယ်။ ယာဉ်ကြောပိတ်ဆို့ နိုင်တဲ့ နေရာတွေကိုလည်း ကြီးကြပ် နိုင်ဖို့ ထုတ်ပြန်ပြီးဖြစ်ပါတယ်”ဟု ဖေဖော်ဝါရီ ၁၆ ရက်က ပြောသည်။ ရွှေတိဂုံစေတီတော် နှစ် ၂၆ဝဝ ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကို ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ မတ်လ ၇ ရက်ထိ ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါ ကော်မတီ၏ အောက်တွင် ယာဉ်စီးရေ ၂၄၆၄ စီးရှိသော်လည်း လက် ရှိတစ်နေ့လျှင်ပြေးဆွဲနိုင်သော ယာဉ်စီးရေမှာ ၁၈ဝဝ ကျော် ရှိကြောင်း ၄င်းက ပြောသည်။
No comments:
Post a Comment