ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စား လှယ် ဦးဌေးဦး၊ ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့ ၌
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၊ သုခိတာရာမ ပရဟိတ ဘုန်းတော်ကြီးသင်
ပညာရေးကျောင်းသို့ ပညာရေးငွေ ပဒေသာပင် စိုက်ထူ လှူဒါန်းခဲ့သည်။

အထွေထွေအတွင်းရေးမှူး
ဦးဌေးဦး လပွတ္တာမြို့၊ သုခိတာရာမ ပရဟိတ ဘုန်းတော်ကြီးသင်
ပညာရေးကျောင်းသို့ ပညာရေးငွေပဒေသာပင် စိုက်ထူလှူဒါန်းစဉ်
ဆက်လက်၍
အထွေထွေအတွင်းရေးမှူးဦးဌေးဦးသည် လပွတ္တာမြို့၊ လပွတ္တလုပ်
(တောင်)ကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာ ရှင်စောမြတ်စေ တီတော်
ပရ၀ုဏ်အတွင်းရှိ ရှေးသီရိတေဇာ မင်္ဂလာကန်တော်အား ပုန္နက်တင် အခမ်းအနားတွင်
မင်္ဂလာပုန္နက်တော်တင်ခြင်း ဆောင်ရွက်ပေး ခဲ့ပါသည်။

အထွေထွေအတွင်းရေးမှူး
ဦးဌေးဦး လပွတ္တာမြို့၊ လပွတ္တလုပ်(တောင်) ကျေးရွာအုပ်စု၊
ဘုရားကြီးကုန်းကျေးရွာ ရှင်စောမြတ်စေတီတော် ပရ၀ုဏ်အတွင်းရှိ ရှေးသီရိတေဇာ
မင်္ဂလာကန်တော်အား မင်္ဂလာပုန္နက်တော်တင်ခြင်း ဆောင်ရွက်နေစဉ်
ထို့အပြင်
အထွေထွေအတွင်းရေးမှူး ဦးဌေးဦး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်
သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုးမြင့်၊ လပွတ္တာခရိုင် အုပ်ချုပ်ရေးမှူး
ဦးအေးမောင်ကြည်တို့သည် လပွတ္တာမြို့၊ လပွတ္တလုပ် (တောင်) ကျေးရွာအုပ်စု၊
ဘုရားကြီးကုန်းကျေးရွာ သစ္စာဓိဌာန် စတု ဒီသာကျွေးမွေးပွဲအား ဖဲကြိုးဖြတ်
ဖွင့်လှစ်ပေးခဲ့ကြသည်။

အထွေထွေအတွင်းရေးမှူး
ဦးဌေးဦး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သစ်တောနှင့် သတ္တုဝန်ကြီး
ဦးစိုးမြင့်၊ လပွတ္တာခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးမောင်ကြည်တို့
ဘုရားကြီးကုန်းကျေးရွာ သစ္စာဓိဌာန် စတုဒီသာကျွေးမွေးပွဲအား ဖဲကြိုးဖြတ်
ဖွင့်လှစ်ပေးစဉ်
Myanmar Express မှ ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်....
No comments:
Post a Comment