Thursday, February 9, 2012

ဧရာဝတီတိုင်း ဒေသကြီးအတွင်း နိုင်ငံတော် အရန်ဆန်အတွက် ကျပ်သိန်းပေါင်း ၃၉၀၀၀ကျော်ဖိုး စပါးဝယ်ယူမည်


PDF Print

AddThis Social Bookmark Button
4456 ဧရာဝတီတိုင်း ဒေသကြီးအတွင်း မှ နိုင်ငံတော်အရန်ဆန် အတွက် ၀ယ်ယူရန် ဧည့်မထ စပါးတင်းတစ်ရာလျှင် ၄၆ပေါင်ကိုက်ဖြင့် တင်းတစ်ရာလျှင်ကျပ် ၃၃၀၀၀၀ နှုန်းဖြင့် ငွေကြေး ပမာဏ ကျပ်သိန်းပေါင်း ၃၉၅၀၀ ဖိုး ၀ယ်ယူသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အရန်ဆန် ၀ယ်ယူရေးကော်မတီ ညွှန်ကြားချက်ဖြင့် ယခုကဲ့သို့ဝယ်ယူခြင်းဖြစ်ပြီး စပါးစိုက်တောင်သူများထံမှသာ အဓိကထားဝယ်ယူရန် ညွှန်ကြားထားကြောင်း သိရသည်။
“ကျွန်တော်တို့ဆီမှာ စပါးဈေး က တစ်နေ့နဲ့တစ်နေ့ တစ်ရွာနဲ့တစ်ရွာတောင် မတူဘူး။ သုံးသိန်းဝန်းကျင် လောက်မှာပဲရှိတယ်။ တချို့နေရာတွေမှာဆို နှစ်ဆယ့်ခြောက်လောက် အထိပဲရှိတယ်။ ချိန်တွယ်ဝယ်ယူ တဲ့ ပေါင်ကတော့ ရောင်းသူနဲ့ဝယ်သူ ကျေနပ်တဲ့ပေါင်ပဲ ဆိုပါတော့ အများ
ဆုံးဝယ်တာကတော့ ၄၈ ပေါင် ၅၀ ပေါင်ဝန်းကျင်ထိရှိတယ်။ အဆိုးဆုံး ကတော့ စပါးဝယ်လက်ပျက်နေတာပဲ အ၀ယ်မရှိတော့ တောင်သူတွေ အတွက် အခက်အခဲတွေ အများကြီးရှိတာပေါ့”ဟု သာပေါင်းမြို့နယ် သမရိုးကျေးရွာမှ စပါးစိုက်တောင်သူ တစ်ဦးက ပြောပြသည်။
ယင်းကဲ့သို့ စပါးများဝယ်ယူရာ တွင် ဧည့်မထအုပ်စုမှ နှစ်ဆယ့်ငါး မှတ်အဆင့်မီစပါးများကိုသာဝယ်ယူ သွားရန်ဖြစ်ပြီး အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲ၊ အစိုဓာတ်၊ မျိုးကွဲ၊ ဆန်နီ၊ ဆန်ကျိုးမပါဝင်သော စပါးများကို အဓိကရွေးချယ် ၀ယ်ယူမည်ဟု သိရသည်။ အကယ်၍ အရည်အချင်းမပြည့်မီသော စပါးများ ရှိလာပါက သက်ဆိုင်ရာဝယ်ယူရေး ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ပေါင်ပိုချိန်တွယ် ၀ယ်ယူမည်ဟု သိရသည်။
စပါးဝယ်ယူရာတွင်လည်း စပါးကုန်သည်၊ စပါးပွဲစား၊ ဆန်စက်ပိုင် ရှင်များထံမှ ၀ယ်ယူရန်မဟုတ်ဘဲ စပါးစိုက် တောင်သူများထံမှသာ ၀ယ်ယူရန်ဖြစ်သည်ဟု ဆိုသည်။ စပါး ၀ယ်ယူရေးကို ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ ၀ယ်ယူသွားမည်ဖြစ်ပြီး မြို့နယ်အဆင့် ၆ ဦးမှ ၁၁ ဦး အထိ ၀ယ်ယူရေး ကော်မတီဖွဲ့၍ ၀ယ်ယူသွားမည်ဟုလည်း သိရသည်။
“တကယ်တော့ တောင်သူတွေ အတွက် စပါးဈေးက လေးသိန်းဈေးလောက်မှ လည်ပတ်ရုံလောက်ရှိတာပါ။ အဆင်ပြေတဲ့ အခြေအနေမျိုး မဟုတ်သေးဘူး။ ဒါပေမယ့် စပါးဈေး  က အရမ်းကျနေပြီး အရောင်းအ၀ယ်နည်းပါးတော့ တောင်သူတွေကို စာနာတဲ့အတွက် အခုလိုဈေးတစ်ခုဖွင့်ပြီး ၀ယ်ယူတာပါ။ ဒီအပေါ်မှာလည်း ၀ယ်ယူမယ့် ကော်မတီတွေအနေနဲ့ ကော တောင်သူတွေဘက်ကကော မရိုးဖြောင့်တာမျိုးတွေ မလုပ်သင့်ဘူး။ အခက်အခဲတွေကို လူမှုရေးစိတ်ထားနဲ့ ကူညီဖြေရှင်းပေးရင် ပိုအဆင်ပြေတယ်”ဟု တိုင်းဆန်စပါး ရောင်းဝယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည။

                                                                 ELEVEN ဂျာနယ်မှ ကူးယူဖော်ပြခြင်းဖြစ်သည်.......

No comments:

Post a Comment