ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဒုတိယဥက္ကဋ္ဌ ပန်မလာကောက်စ်
ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ယခင်က ကမ္ဘာ့ဘဏ်အပေါ်
ပေးရန်ကျန်ရှိနေသေးသော ကြွေးမြီများကို ပြန်လည်ပေးဆပ်ပြီးပါက
ချေးငွေသစ်များကိုလည်း ပြန်လည်ရရှိနိုင်တော့မည်ဖြစ်ကြောင်း
သိရသည်။မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ကမ္ဘာ့ဘဏ်၏
အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ ဒုတိယဥက္ကဋ္ဌဖြစ်သူ မစ္စပန်မလာကောက်စ်က
''ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့
တိုးတက်မှုတွေအပေါ် လက်ခံကြိုဆိုသလို မြန်မာနိုင်ငံ တိုးတက်ဖို့အတွက်လည်း
တိုက်တွန်းအားပေးပါတယ်။ အပြောင်းအလဲတွေကို လုပ်နေတဲ့အစိုးရ အပေါ်
ထောက်ခံတဲ့အနေနဲ့ရော မြန်မာပြည်သူလူထုရဲ့ အကျိုးစီးပွားတိုးတက်ဖို့နဲ့
အလုပ်အကိုင်မဲ့သူတွေ၊ ဆင်းရဲတဲ့ ပြည်သူတွေအတွက်ပါရည်ရွယ်ပြီး ကျွန်မတို့ရဲ့
အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှုနဲ့ ကူညီမှုလုပ်ငန်းစဉ်တွေကို စတင်ဖို့
ရှိနေပါပြီ''ဟု ဆိုခဲ့သည်။
No comments:
Post a Comment